28 C
Yangon

တိုက်လေယာဉ် ပျက်ကျသည့် ရုပ်သံဖိုင် ထွက်ပေါ်လာ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၇

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာတွင် KIA က ပစ်ချလိုက်သော FTC 2000G တိုက်လေယာဉ် ပျက်ကျသည်ဆိုသော ရုပ်သံဖိုင်တစ်ခုကို ကချင်သတင်းရင်း မြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပေးပို့သည်။

ဇန်နဝါရီလ ၁၆ ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်အချိန် အဆိုပါ တရုတ်လုပ် FTC 2000G တိုက်လေယာဉ်သည် နမ့်ဖတ်ကာကို ဗုံးလာကျဲစဉ် KIA က ပစ်ချလိုက်ခြင်း ဖြစ်ပြီး ယင်း လေယာဉ် ပါ လေယာဉ်မှူး ၂ ဦးစလုံး သေ ဆုံး သွားခဲ့ကြောင်း၊ ယင်းလေယာဉ်သည် နံနက် ၉ နာရီ ၅၀ မိနစ် ဝန်းကျင်တွင် ဗုံးကျဲ ရန် နမ့်စန်လေတပ်စခန်းမှ ထွက် ခွာ သွားခဲ့ပြီးနောက် ပစ်ချခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ဗီဒီယိုဖိုင်တွင် ကချင်ဘာသာစကားဖြင့် စကားပြောသံများကို ကြားရပြီး ယင်းဗီဒီ ယိုဖိုင် ကို အတည်ပြုရန် KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်း ထားသော်လည်း အဆက်အသွယ်မရရှိပေ။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #KIA #FTC2000G

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article