28 C
Yangon

မိုးမိတ်မြို့ပတ်ပတ်လည်တွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေပြီး ပြည်သူတချို့ ပိတ်မိနေ

Must read

မိုးမိတ်မြို့ပတ်ပတ်လည်တွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေပြီး ပြည်သူတချို့ ပိတ်မိနေ

ရန်ကုန်၊ ဇန်နဝါရီ ၁၈

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့တွင် ယနေ့ နံနက် ၄ နာရီမှစတင်၍ တိုက်ပွဲများ အပြင်း အထန် ဖြစ်ပွားနေပြီး မြို့နေ ပြည်သူများ ပိတ်မိနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

“တော်လှန်ရေးတပ်တွေက မြို့သိမ်းတိုက်ပွဲ ဝင်တာထင်တယ်။ မြို့ပတ်ပတ်လည်မှာ တိုက်ပွဲဖြစ်နေတယ်။ ရဲစခန်းဘက်မှာလည်း အတော်ကို ပြင်းထန်နေတယ်။ လက်နက်ကြီးရော လက်နက်ငယ်ရော။ ဒီဇန်နဝါရလဆန်းတုန်းမြို့သိမ်းတိုက်ပွဲဖြစ်မယ်ဆိုတဲ့ သတင်းတွေကြောင့် ပြည်သူတွေ တော်တော်များများကတော့ ရှောင်ကုန်ကြပြီ။ အိမ်စောင့်၊ ဆိုင်စောင့် ကျန်တဲ့သူ ပြည်သူတွေ ရှိသေးတယ်။ အခုက မနက် ၄ နာရီကတည်းက တိုက်ပွဲဖြစ်နေတော့ ဘယ်ကို ပြေးလို့ ပြေးရမှန်းမသိဖြစ်နေတယ်။” ဟု မိုးမိတ်မြို့မှ ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မိုးမိတ်မြို့နယ်ပတ်ပတ်လည်ရှိ စစ်ကောင်စီတပ်စခန်းများကို KIA ၊ TNLA နှင့် PDF တပ်များက ယခု ဇန်နဝါရီလဆန်းကတည်းက တောက်လျှောက်ဆိုသလို သိမ်းပိုက်ခဲ့ကြောင်း၊ မိုးမိတ်မြို့နယ် ရဲစခန်းနှင့် တပ်ရင်း ၃ ခုကို တော်လှန်ရေးတပ်များက ဆက်လက် တိုက်ခိုက်နေကြောင်း သိရှိရသည်။

“မိုးမိတ်မှာ ခမရ ၃၄၈၊ ခလရ ၂၇၆ ၊ ခလရ ၂၂၃ တို့ကတော့ ခုခံနေတာရှိတယ်။ တိုက်ပွဲက ပြင်းထန် လွန်းတော့ အခြေအနေက မှန်းရခက်တယ်။ စစ်တပ်ဘက်ကလည်း မြို့မကျရေး အပြင်းအထန်ကို ခုခံနေပုံရတယ်” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မိုးမိတ်မြို့ကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ဝင်ရောက် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များထံမှ သိရှိရသည်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #KIA #TNLA #PDF

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article