33 C
Yangon

မူဆယ်မြို့ နှင့် ၁၀၅ မိုင်အနီးရှိ စစ်ဘေးရှောင် ပြည်သူများကို AA က စားနပ်ရိက္ခာများ လှူဒါန်း

Must read

မူဆယ်မြို့ နှင့် ၁၀၅ မိုင်အနီးရှိ စစ်ဘေးရှောင် ပြည်သူများကို AA က စားနပ်ရိက္ခာများ လှူဒါန်း

ရန်ကုန်၊ ဇန်နဝါရီ ၁၈

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ နှင့် ၁၀၅ မိုင်အနီးရှိ စစ်ဘေးရှောင် ပြည် သူ များကို AA က စားနပ်ရိက္ခာများ လှူဒါန်းကြောင်း AA က သတင်း ထုတ်ပြန် သည်။

ဇန်နဝါရီလ ၁၆ ရက်၊ မွန်းလွဲ ၁ နာရီခွဲခန့်အချိန်မှ ညနေ ၆ နာရီနီးပါးအထိ မူဆယ် နှင့် ၁၀၅ မိုင်အနီးတဝိုက်ရှိ စစ်ဘေးရှောင်ပြည်သူလူထုများကို ရက္ခိုင့် တပ်တော် (Arakan Army) အနေဖြင့် တနိုင်တပိုင် ကူညီပံ့ပိုးမှုများကို ပြုလုပ် ခဲ့ကြောင်း၊ စစ်ပွဲများကြောင့် ပြည်သူများအနေနှင့် လူမှုစီးပွားဒုက္ခအဝဝ နှင့် အခက်အခဲမျိုးစုံကြုံတွေ့ရသည်မှာ မှန်သော်လည်း အခက်အခဲများကို အားလုံး စုပေါင်းရင်ဆိုင်ကြပြီး ပိုမိုကောင်းမွန်သော အနာဂတ်သို့ ရောက်ရှိ စေ ရေး အားလုံးစုစည်းရင်ဆိုင်သွားကြရန် ရက္ခိုင့်တပ်တော်က တိုက်တွန်း ထားသည်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #AA #ArakanArmy #မူဆယ်မြို့ #စစ်ဘေးရှောင်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article