35 C
Yangon

အကြမ်းဖက်စစ်ကောင်စီက ပြည်သူ့စစ်ဖွဲ့စည်းရန် လုပ်ဆောင်နေမှုကို ပြင်းပြင်းထန်ထန်ပြတ်ပြတ်သားသား အရေးယူမည်ဟု PDF တောင်ပိုင်းစစ်ဒေသက ကြေညာ

Must read

အကြမ်းဖက်စစ်ကောင်စီက ပြည်သူ့စစ်ဖွဲ့စည်းရန် လုပ်ဆောင်နေမှုကို ပြင်းပြင်းထန်ထန်ပြတ်ပြတ်သားသား အရေးယူမည်ဟု PDF တောင်ပိုင်းစစ်ဒေသက ကြေညာ

ရန်ကုန်၊ ဇန်နဝါရီ ၁၈

အကြမ်းဖက်စစ်ကောင်စီက ပြည်သူ့စစ်ဖွဲ့စည်းရန် လုပ်ဆောင်နေမှုကို ပြင်းပြင်းထန်ထန်ပြတ်ပြတ်သားသား အရေးယူမည်ဟု PDF တောင်ပိုင်းစစ်ဒေသက ကြေညာလိုက်ကြောင်း တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေခွဲကွပ်ကဲရေးရုံးမှ ရဲဘော်တင်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ စစ်ဆင်ရေး နယ်မြေအတွင်းရှိ မြို့နယ်များတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူ့စစ်ဖွဲ့စည်းရန် အကြောင်းပြချက်များဖြင့် ပြည်သူများကို ခြိမ်းခြောက်၍ အင်အားကို အတင်းအဓမ္မ စုဆောင်းနေကြောင်း၊ စစ်မျက်နှာအနှံ့တွင် အရှုံးနှင့် ရင်ဆိုင်နေရသော စစ်ကောင်စီသည် တပ်ဖွဲ့ဝင်အင်အား ချိနဲ့ ပြုန်းတီးလာခြင်း၊ စိတ်ဓာတ်ရေးရာ ပြိုကျပျက်စီးလာခြင်း ဖြစ်နေသည့်အတွက် ပြည်သူ့စစ်အဖြစ် ပြည်သူများကို လိမ်လည် လှည့်စား စည်းရုံး၍ စစ်မှုထမ်းခိုင်းပြီး ရှေ့တန်းစစ်မျက်နှာ ပို့ဆောင်ခြင်း၊ ပြည်သူအချင်းချင်း ရန်တိုက်ပေးသည့် ယုတ်မာကောက်ကျစ်သော လုပ်ရပ်ဖြစ်ကြောင်း တောင်ပိုင်းစစ်ဒေသ အမှတ် ၂ စစ်ဒေသခွဲက ထုတ်ပြန် ကြေညာသည်။

“အဓိက အကြမ်းဖက်စစ်ကောင်စီက စစ်အင်အားကို အတင်းအဓမ္မစုဆောင်းနေတာကို သတိပေးချင်တဲ့သဘောပါ။ ပြည်သူတွေကိုလည်း မေတ္တာရပ်ခံတာပါသလို ဒီကိစ္စကို ဆောင်ရွက်နေသူတွေကိုလည်း ပြင်းပြင်ထန်ထန် သတိပေးတဲ့သဘောပါ။ အကြမ်းဖက်စစ်ကောင်စီက သူတို့အင်အားပြုန်းတီးပြီးတော့ တပ်ပြိုကွဲနေတဲ့အပေါ်မှာ တစ်ဖက်လှည့်နဲ့ ပြည်သူတွေကို အတင်းအဓမ္မ အင်အား စုဆောင်းတာကတော့ ပြည်သူအချင်းချင်းကို ရန်တိုက်ပေးတဲ့ ယုတ်မာတဲ့ လုပ်ရပ်တစ်ခုပါပဲ။ ဒါကိုလည်း ကျနော်တို့က ပြင်းပြင်းထန်ထန် ပြတ်ပြတ်သားသားဆောင်ရွက်သွားမှာပါ” ဟု ရဲဘော်တင်ဦးက ပြောဆိုသည်။

ပြည်သူများအနေဖြင့် ထိခိုက်နစ်နာမှုမရှိစေရန် ပြည်သူ့စစ်အဖြစ် အတင်းအဓမ္မစုဆောင်းနေခြင်းများကို နည်းလမ်းမျိုးစုံအသုံးပြု၍ ရှောင်ကြရန်၊ စစ်တပ်၊ လက်ပါးစေများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ နီးကပ်စွာ နေခြင်းများ ရှောင်ရှားကြရန် တောင်ပိုင်းစစ်ဒေသက မေတ္တာရပ်ခံထားသည်။

အကြမ်းဖက်စစ်ကောင်စီ အလို ကျ ပြည်သူ့စစ်ဖွဲ့စည်းရန် ပြည်သူများကို နည်းမျိုးစုံဖြင့် ခြိမ်းခြောက် ဖိအားပေး ဆောင်ရွက်နေသူအားလုံးကို ပြင်းထန်စွာ အရေးယူသွားမည်ဟု တောင်းပိုင်းစစ်ဒေသက ကြေညာလိုက်ပြီး လက်ပါးစေများအနေဖြင့် လုပ်ရပ်များကို ရပ်တန်းက ရပ်တန့်ရန်လည်း တောင်ပိုင်းစစ်ဒေသက သတိပေးထားသည်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #PDF #အကြမ်းဖက်စစ်ကောင်စီ #ပြည်သူ့ကာကွယ်ရေးတပ်မတော်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article