25 C
Yangon

“စစ်တပ်က ပြိုကွဲနေပြီ။ ဒီစစ်တပ်က ပြည်သူ့အတွက် ကာကွယ်ရေး စစ်တပ် မဟုတ်တော့ဘူး။ မင်းအောင်လှိုင်နဲ့ လူအနည်းစုအဖွဲ့ကို ကာကွယ်ဖို့ လုပ်ထား တာ။ စစ်တပ်က ပြိုတော့မယ်ဆိုတဲ့ ဥစ္စာ သူတို့နားလည် လာတဲ့အခါ ကျတော့ သူတို့ ပြန်ပြီးတော့ ပုန်ကန်ဖို့ ရဲသွားပြီ”

Must read

အမေရိကန်စစ်တပ်မှ ဒုတိယ ဗိုလ်မှူးကြီး (ငြိမ်း) ပါမောက္ခ ဒေါက်တာ ဒေါ်မီမီဝင်းဘတ်နှင့်တွေ့ဆုံခြင်း

By ရန်ကုန်ခေတ်သစ်

မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ အကြမ်းဖက်စစ်တပ်မှာ ဗိုလ်မှူးချုပ်အဆင့် တွေအပါအဝင် စစ်သား ထောင်နှင့်ချီ လက်နက်ချ အညံ့ခံ လာတာတွေ ရှိနေ ပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်တွေက စစ်တပ် စခန်းတွေတိုက်ပြီဆို တာနဲ့ စစ်သား တွေက လက်နက်ချနေကြတာကြောင့် လက်နက်ချတာဟာ တပ်ထဲ မှာခေတ်ရေစီးကြောင်း တစ်ခုလိုဖြစ်လာနေပြီး စစ်တပ်ပြိုကွဲနေတာ အခြေ အနေကို ရောက်ရှိလာပြီလို့ ဆိုရမှာဖြစ်ပါတယ်။

အဲဒီအခြေအနေနဲ့ ပတ်သက်လို့ မြန်မာစစ်တပ်မှာ ဘာတွေဆက် ဖြစ်လာ နိုင်မလဲ။ တော်လှန်ရေး တပ်ဖွဲ့တွေဘက်ကလည်း ဘာတွေ သတိထားရမလဲ စတာတွေနဲ့ ပတ်သက်ပြီး ပါမောက္ခ ဒေါက်တာ ဒေါ်မီမီဝင်းဘတ်ကို ရန်ကုန် ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ လောက်ကိုင်မှာ ဗိုလ်မှူးချုပ် ၆ ယောက်နဲ့ စစ်သားတွေရော တပ် မိသားစု တွေရော အပါအဝင် လူ ၄၀၀၀ ကျော်က လက်နက်ချပါတယ်။ ဟိုပန်နဲ့ ပန်လုံမှာ ဆိုရင်လည်လည်း စစ်သားအင်အား ၇၀၀ ကျော်က လက်နက်ချခဲ့ ပါတယ်။ အခုဆိုရင် လက်နက်ချတယ် အညံ့ခံတယ်ပဲ ပြောပြော အလင်းဝင် တယ်ပဲ ပြောပြော တော်တော်လေးကို အင်အားက များလာပါတယ် ရှင့်။ ဆိုတော့ ဒီလက်နက်ချတာက တပ်ထဲမှာ ခေတ်ရေစီးကြောင်းတစ်ခုလို ဖြစ်လာ တယ်လို့တောင် ပြောလို့ရပါတယ်။ အဲဒီအပေါ်ကို ဆရာမကြီးအနေနဲ့ ဘယ်လို မျိုး ဦးစွာသုံးသပ်လိုပါသလဲရှင့်။

ဖြေ။ ။ ဟုတ်ကဲ့ ကျွန်မ အဲဒီမေးခွန်းကို မဖြေခင် ကျွန်မ ပထမဆုံး Disclaimer လေး ပြောပါရစေ။ ကျွန်မ ဒီနေ့ သုံးသပ်သွားတဲ့ အချက်အလက်တွေ အားလုံးက ကိုယ့်ကိုယ်ကိုယ်တစ်ယောက်တည်း သုံးသပ်တာပါ။ ဘယ်အဖွဲ့ကိုမှ ကိုယ်စားပြုပြီးတော့ ပြောတာ မဟုတ်ပါဘူးလို့ ပြောချင်ပါတယ်။

ဒီလောက်ကိုင်မှာ တွေ့တဲ့ဟာတွေက ကျွန်မအရင်ကတည်းကလည်း ပြောထားတယ်။ ကျွန်မ 1027 operation စကတည်းက ကျွန်မပြောတယ်။ အခု တော်လှန်ရေးဘက်က ဒီ Tipping Point ရောက်သွားပြီလို့ ကျွန်မ ပြောထားတယ်။ Tipping Point လို့ ပြောတဲ့အခါမှာ အချက်အလက်တစ်ခု ကျွန်မတို့ ကြည့်တာက Defection ၊ International pressure ၊ People support ။ အဲဒီအထဲမှာ Defection ဆိုတဲ့ဟာကလည်း ကျွန်မတို့ Unit Level Defection ဖြစ်ဖြစ် Unit level အခုလိုမျိုး အလင်းဝင်လာတာက All surrendered ဖြစ်တာက Tipping Point တစ်ခုရဲ့ ရောက်နေပြီဆိုတဲ့ Evident တစ်ခု မြင်ထားတယ်လို့ ပြောလို့ရတယ်။

ဒါကြောင့်မို့လို့လည်း ဒီဥစ္စာက သိပ်ပြီးတော့ ကျွန်မတို့အနေနဲ့ အံ့ဩစရာတော့မရှိဘူး။ ဘာလို့လဲဆိုတော့ ဒီဥစ္စာကို အစောကြီးကတည်းက ဖြစ်နိုင်တယ် ဖြစ်လာတော့မယ်လို့ ကျွန်မတို့ Predict လုပ်ထားတာပေါ့။ ဘယ်အချိန်မှာ ဖြစ်မလဲဆိုတာကတော့ ပြောရတာခက်တယ်။ ဒါပေမဲ့ ဖြစ်လာနိုင်တယ်ဆိုတဲ့ ဥစ္စာအခု ဖြစ်လာတဲ့ ဟာက ကျွန်မတို့အတွက် ဒီလောက်လောက် ဟိုဒင်းမဖြစ်ပါဘူး။ ဒါပေမဲ့လည်း ဒီဥစ္စာ ဘာပြောပြလဲဆိုတော့ ကျွန်မတို့ ပြောထားတာ ဒီစစ်တပ်ထဲမှာ စစ်တပ်က အများကြီး ပြိုကွဲနေပြီ။ အထဲမှာ ပြိုကွဲနေပြီ။

ဘာကြောင့် ပြိုကွဲလဲဆိုတော့ ကျွန်မ အရင်ကတည်းက ဖြေထားတာတွေ ရှိတယ်။ ဒီ Corruption နဲ့ ပတ်သက်ပြီးတော့ Leadership နဲ့ ပတ်သက်ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် Fear အနိုင်ကျင့်တာတွေ Fear ဆိုတာ ကြောက်စိတ်ကို အသုံးချပြီးတော့ လုပ်ထားတာတွေ အဲဒီဥစ္စာတွေ အားလုံးပေါင်းပြီးတော့ ကြည့်လိုက်လို့ရှိရင် စစ်တပ်က အခုအချိန်မှာ ပြိုကျနေတယ်ဆိုတဲ့ ဥစ္စာကတော့ အံ့ဩစရာမရှိပါဘူး။

မေး ။ ။ အခု လက်ရှိမှာ မင်းအောင်လှိုင်အနေနဲ့ ရင်ဆိုင်နေရတာက တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဖိအားတွေ အပြင် တပ်တွင်းမှာလည်း သူ့ကို မကျေနပ်တဲ့ အသံတွေ တော်တော်ကို ကျယ်လောင်လာပါတယ်ရှင့်။ နောက်ဆုံးမှာ သူ့ကို လော်ဘီလုပ်ပေးနေတဲ့ သူတွေကတောင်မှ မင်းပေါကြီးဆိုပြီး ခေါ်လာတာရှိပါတယ်။ ဆိုတော့ မင်းအောင်လှိုင်အနေနဲ့ ဒီအကျပ်အတည်း အခြေအနေကို ထိန်းနိုင်မယ့် အလားအလာမြင်ရပါသလား။

ဖြေ။ ။ သူ့မှာ အရည်အချင်း အဲဒီလောက် မရှိဘူး။ ကျွန်မ အစောကြီးကတည်းက ပြောထားတယ်။ စစ်ဗိုလ်ချုပ်တစ်ယောက်အနေနဲ့ အနည်းဆုံးတော့ စစ်တိုက်ဖို့အတွက်က အရည်အချင်းရှိရမယ်။ ဒါပေမဲ့ သူ့မှာ အရည်အချင်းမရှိဘူး။ အစကတည်းက ကျွန်မပြောထားတယ် အရင်အစ ဒီပြဿနာက နိုင်ငံရေးပြဿနာကို ဒီစစ်ဗျူဟာနဲ့ သူ ပြန်သုံးထားတယ်ဆိုတာ အစကတည်းက မှားနေတာ။ အဲဒီထဲက မှားကတည်းက သူ ဘယ်လိုမှ ပြန်ပြီးတော့ မဆယ်နိုင်ဘူး။

ဆိုတော့ စစ်တိုက်တာတောင်မှ မတတ်ဘူး။ ဒါဆိုလို့ရှိရင် စီးပွားရေးတို့ နိုင်ငံရေးတို့ သံတမန်ရေးတို့ဆို ဝေလာဝေး ။ သူ့မှာ အရည်အချင်းမရှိဘူး။ ကျွန်မတို့မှာ Leadership မှာ လေ့လာရတဲ့ဟာ အမြဲတမ်းပြောတယ် Leader တစ်ယောက်က ကိုယ့်နောက်လိုက်သားတွေ ယုံကြည်ဖို့အတွက်က အချက် ၃ ချက်လိုတယ်။

ပထမတစ်ခုက Benevolent စေတနာရှိရမယ်။ ကိုယ်နောက်လိုက်သားတွေ အပေါ်မှာ စေတနာရှိရမယ်။ ‎နောက်တစ်ခုကျတော့ Confident အရည်အချင်းရှိရမယ် လုပ်ပိုင် လုပ်နိုင်ရည်ကောင်းရမယ်။ နောက်တစ်ခုကျတော့ Integrity ။ Integrity ဆိုတာ ဂုဏ်သိက္ခာရှိရမယ်။ အဲဒီဟာ ၃ ခု တစ်ခုခုမရှိဘူးဆိုရင်တောင်မှ နောက်က လိုက်တဲ့ လူတွေက မလိုက်ချင်ဘူး။ ဒီခေါင်းဆောင်တစ်ယောက်ကို မယုံကြည်ဘူး။ ဆိုတော့ မင်းအောင်လှိုင်ကို အဲဒီ ၃ ခုနဲ့ တိုင်းပြီးတော့ ကြည့်လိုက်ရင် သူ့မှာ ၃ ခုလုံးမရှိဘူး။ ဆိုတော့ အခုချိန်မှာ သူ့နောက်က လိုက်တဲ့ လူတွေက သူ့ကို ဝေဖန်နေကြတာ မလိုက်တော့ဘူးဆိုတဲ့ ဥစ္စာ ကျွန်မ အနေနဲ့ အံ့ဩစရာမရှိဘူးလို့ ပြောလို့ရပါတယ်။

မေး။ ။ အခုကတော့ တော်လှန်ရေးစတဲ့အချိန်မှာ ပြည်သူ့ရင်ခွင်ကို ခိုလှုံလာတဲ့ စစ်တပ်ဘက်က CDMer လုပ်လာတဲ့ စစ်သားတွေ အများကြီးရှိတယ်။ အခုလက်ရှိမှာ လောက်ကိုင် ဒကစ စစ်ဦးစီးမှူး ပထမတန်း G1 ဒုတိယဗိုလ်မှူးကြီး သက်ပိုင်လင်းနဲ့ အဖွဲ့က သူတို့ သစ္စာခံတဲ့ ဗိုလ်မှုးချုပ် ၆ ဦးကို စစ်ကောင်စီက ပြန်ဖမ်းလို့ ဆိုပြီးတော့ လက်နက်ကိုင်ပြီး တောခိုတယ်ဆိုတာ ဒီရက်ပိုင်းမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ စစ်တပ်ကို ပြန်တိုက်မယ့် စစ်သားတွေက နဂိုကတည်းက ရှိနေရာကနေ အခုဟာက အုပ်စုလိုက်ကို စစ်တပ်ကို ပြန်တိုက်မယ့် အလားအလာရှိနေတာကို မြင်ရတော့ ဒီဖြစ်စဉ်အပေါ်မှာရော ဆရာမကြီးအနေနဲ့ ဘယ်လိုမျိုးသုံးသပ်ချင်ပါသလဲ ။

ဖြေ။ ။ အဲဒီ ဥစ္စာကတော့ Tipping Point ရောက်သွားပြီလို့ ပြောလို့ရတယ်။ ဟိုတစ်နေ့က တပ်ကြပ်ကြီးလား မသိဘူး သူက စကားပြောနေတာ သူတို့အရင်ကတည်းက နားလည်တယ် သူတို့ကို မတရားခိုင်းထားတာတွေဘသူတို့ကို လူမဆန်သလိုမျိုးဆက်ဆံထားတာတွေ သူတို့ လုံးဝမကြိုက်ဘူး။ အခုချိန်မှာတော့ သူတို့နားလည်သွားပြီ စစ်တပ်က ပြိုတော့မယ်ဆိုတဲ့ ဥစ္စာ သူတို့နားလည်လာတဲ့အခါကျတော့ သူတို့ပြန်ပြီးတော့ ပုန်ကန်ဖို့ ရဲသွားပြီ။

ဆိုတဲ့အတွက်ကြောင့်လည်း အခုချိန်မှာ ဒီလိုမျိုးတွေ လုပ်ရဲလာတာ။ လုပ်နိုင်လာတာ။ အရင်တုန်းကကျတော့ စစ်တပ်က အရမ်းအားကြီးလွန်းတယ် သူတို့ ဒီလိုမျိုး ပုန်ကန်ဖို့အတွက်ကို။ အခုချိန်မှာတော့ ကျွန်မတို့ ဒီ သုံးသပ်တဲ့ လူတွေကျတော့ ဒီဥစ္စာ Indicator တစ်ခုပေါ့နော်။ Evidence တစ်ခုဖြစ်တယ်လို့ စစ်တပ်ပြိုကွဲနေတဲ့ ဥစ္စာ၊ ပြိုကွဲဖို့ ရောက်နေပြီဆိုတာ ဒီဥစ္စာအခြေခံပဲ။ သုံးသပ်လို့ရတယ်။

မေး ။ ။ ဆရာမကြီး ပြောသလို စစ်တပ်ကလည်း တကယ့်ကို ပြိုကွဲနေပြီ။ ဆိုတော့ ကျူးဘား တော်လှန်ရေးဟာ ပြည်သူတွေဘက်က မေးနေတာလည်း ရှိပါတယ်။ ကျူးဘားတော်လှန်ရေးဟာ အောင်မြင်ဖို့ ၆ နှစ်ကြာတယ်ပေါ့နော်။ မြန်မာ့တော်လှန်ရေးဟာလည်း ၃ နှစ်ကာလပြီးသွားပြီ။ ၃ နှစ်ကာလပြီးသွားတဲ့ အချိန်မှာ တကယ့်ကို အရှိန်အဟုန်ကောင်းကောင်းနဲ့ တပ်ကလည်း ပြိုဆင်းလာပြီ။ ဒီဘက်က တော်လှန်ရေးက တအားကို ကောင်းနေပြီဆိုတော့ ပြည်သူတွေကလည်း ဆင်းရဲဒုက္ခတွေ အများကြီး ရင်ဆိုင်နေရတာဆိုတော့ ဆရာမကြီး အနေနဲ့ ဒီအခြေအနေအပေါ် ဘယ်လိုမြင်သလဲရှင့်။

ဖြေ ။ ။ ကျွန်မ အရင်တုန်းကလည်း ၂၂ တုန်းကလည်း ပြောထားတယ်။ တကယ် အောင်မြင် Victory ပေါ့နော်။ တော်လှန်ရေး အောင်မြင်မယ့် အမှုက မင်းအောင်လှိုင်ရဲ့ လက်ထဲမှာ မဟုတ်ဘူး။ ပြည်သူလူထုရဲ့ လက်ထဲမှာ။ ဒီ Revolution ဘက်က ပါနေတဲ့ လူတွေ၊ အဖွဲ့တွေ အားလုံးရဲ့ လက်ထဲမှာ ။ တကယ်လို့ ဒီတော်လှန်ရေးကို မြန်မြန်ဆန်ဆန်ပြီးချင်ရင် ပိုပြီးတော့ ပူးပေါင်းဆောင်ရွက် ပိုပြီးတော့ ပူးပေါင်းဆောင်ရွက်နိုင်လေလေ ပိုပြီးတော့ အောင်မြင်ဖို့က များလာလေ။

အခု ညီနောင် ၃ ဖွဲ့ ပြသွားတယ်။ ပူးပေါင်းဆောင်ရွက်ရင် မဖြစ်နိုင်တဲ့ ဥစ္စာတွေ ဖြစ်သွားတယ်။ ဆိုတော့ ကျွန်မပြောမယ် တကယ် နိုင်ချင်စိတ်ရှိရင် ပူးပေါင်းဆောင်ရွက်ချင်စိတ်မွေးရမယ်။ ပူးပေါင်းဆောင်ရွက်နိုင်လို့ရှိရင် ဒီဥစ္စာပြီးသွားမယ်။ မပူးပေါင်း မဆောင်ရွက်ချင်ရင် ဒါ ကိုယ်က မင်းအောင်လှိုင် အလုပ်ကို လုပ်ပေးနေသလိုပဲ။

ဆိုတော့ အခုချိန်မှာ ပြန်ပြီးတော့ကြည့် တို့ ပူးပေါင်းဆောင်ရွက်နေသလား ပိုပြီးတော့ ဒီထက် ပူးပေါင်းဆောင်ရွက်နိုင်သလား ပူးပေါင်းဆောင်ရွက်ဖို့ကို မရရတဲ့ နည်းနဲ့ လုပ်ရတော့မယ်။ ဘာလို့လည်းဆိုရင် တချို့တွေဆိုရင် တစ်ယောက်နဲ့ တစ်ယောက်နဲ့ အမြင်မှားတာတွေ ရှိတယ်။ မတည့်တာတွေ ရှိတယ်။အဲဒီဟာကို Focus လုပ်ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် ပူးပေါင်း မဆောင်ရွက်တာတွေ ရှိတယ်။

ဒါပေမဲ့ မှန်မှန် ပြန်ပြီးတော့ ကြည့်လိုက်တော့ တို့တွေ ဘုံရန်သူရှိတယ်။ ဘုံရန်သူ Focus လုပ်လိုက်၊ ဘုံရန်သူ အဓိက ထားလိုက်။ ပြီးလို့ရှိရင် ဘုံရန်သူ ပျောက်သွားလို့ရှိရင် ဒီဥစ္စာကို ဖြေရှင်းရမှာ အများကြီး ပိုပြီးတော့ လွယ်ကူသွားလိမ့်မယ်။ အခုအချိန်မှာ ပူးပေါင်းဆောင်ရွက်ဖို့ အများကြီးလိုအပ်တယ်။ အခုချိန်မှာ Tipping Point ကနေ End point ရောက်ဖို့အတွက် အရေးအကြီးဆုံးအဓိကက ပူးပေါင်းဆောင်ရွက်ဖို့ပဲ။

မေး ။ ။ ထပ်မေးချင်တာက မင်းအောင်လှိုင် ဘက်မှာရော ထွက်ပေါက်ရှိနိုင်လား။ တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကတော့ မင်းအောင်လှိုင်နဲ့ စစ်ခေါင်းဆောင်တွေအတွက် အသေထွက်ပဲ ရှိတယ်လို့ ပြောကြတော့ တကယ်ပဲ မင်းအောင်လှိုင်နဲ့ စစ်ခေါင်းဆောင်တွေအတွက် ထွက်ပေါက်က အသေထွက်တစ်လမ်းပဲ ရှိတယ်လို့ ပြောလို့ရလား။

ဖြေ ။ ။ ဒါကတော့ မင်းအောင်လှိုင်အနေနဲ့ သူ ဆုံးဖြတ်ရတော့မယ်။ ဘာလို့ဆို သူ့မှာ ဘယ်သူမှ မရှိတော့ဘူး ဆိုလို့ရှိရင် သူနဲ့ သူ့ရဲ့ အနီးအနားမှာရှိတဲ့ အသိုင်းအဝိုင်းတစ်ခုပဲ ကျန်တော့မယ်။ ဆိုတော့ သူ ဘာထွက်ပေါက်လိုချင်လဲဆိုတော့ သူ့ရဲ့ Decision ပဲလေ။ သူက ဒါ Decide လုပ်ရတော့မယ်။

မေး ။ ။ အခုဆိုရင် စစ်တပ်ထောက်ခံသူတွေနဲ့ စစ်ကောင်စီလော်ဘီတွေက တရုတ်ကြောင့် ရှမ်းမြောက်ပိုင်းဒေသ နယ်မြေတွေ ဆုံးရှုံးတာ ၊ တရုတ်ရဲ့ ကျူးကျော်စစ်ဆိုပြီးတော့ အမည်တပ်လာကြတာ ရှိပါတယ်။ အဲဒီအပေါ်မှာ‎ရော ဆရာမကြီးအနေနဲ့ ဘယ်လို သုံးသပ်မြင်ပါသလဲ။

ဖြေ ။ ။ အခုချိန်မှာ စစ်တပ်ဘက်က မင်းအောင်လှိုင်တို့ဘက်က တရုတ်ကို အသုံးချတော့မယ်။ တရုတ်ကတော့ အမြဲတမ်းနိုင်တဲ့ဘက်ကို လိုက်မှာပဲ။ အခုချိန်မှာ အခုတလောတောင်မှ တော်တော်များများ စကားတွေ ပြောလာပြီ။ တရုတ်က လုံးဝ မင်းအောင်လှိုင်ဆီမှာ Confidence မရှိတော့ဘူး။ ယုံကြည်မှု မရှိတော့ဘူး။

တရုတ်က သူ့ရဲ့ အကျိုးစီးပွားနဲ့ ပတ်သက်ပြီးတော့ သူ့ဘာသာသူ လုပ်စရာရှိ လုပ်လိမ့်မယ်။ ဒါပေမဲ့ တော်လှန်ရေးဘက်ကလည်း ပြည်သူလူထုရဲ့ ဆန္ဒနဲ့ ပြည်သူလူထုလုပ်ဖို့ လိုအပ်တယ်။ ကျွန်မ ခုန ပြောသွားသလိုပဲ ပူးပေါင်းဆောင်ရွက်လာလို့ရှိရင် တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေ ရှိလို့ရှိရင် ဘယ်သူမဆို သူတို့ ကျော်လွှားနိုင်တယ်။ ကျွန်မအနေနဲ့ The Best Defense အကောင်းဆုံးကာကွယ်နည်းက တစ်ယောက်နဲ့ တစ်ယောက်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့က အကောင်းဆုံး Defense ပဲ။

မေး ။ ။ အခုလက်ရှိ ပြည်သူဘက်ကနေ တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကိုရော ဆရာမကြီးရဲ့ အတွေ့အကြုံကို အခြေခံပြီး ဘယ်လို အကြံဉာဏ်တွေ ဘယ်လိုမျိုးစကားတွေများ သူတို့ကို ပြောကြားဖို့ ရှိပါသလဲရှင့်။

ဖြေ ။ ။ ကျွန်မ အမြဲတမ်းပြောကြားသလိုပဲ လူတွေက တစ်ခါတလေကျလို့ရှိရင် Focus အရမ်းပဲ အဓိက ထားတာက Weapon။ ဒီဥစ္စာ လက်နက်နဲ့ ကျည်ဆန်နဲ့ ဗုံးနဲ့ပါနဲ့။ အမှန်ကတော့ အရေးအကြီးဆုံးက ဗျူဟာ။ ဗျူဟာကောင်းလို့ရှိရင် တစ်ခါခါကျရင် ဘာမှ သုံးနေစရာမလိုဘူး။ ဆိုတော့ အခု ပြန်ကြည့်လိုက် စစ်တပ်ကို သုံးသပ်လိုက်မယ်ဆိုရင် သူတို့ရဲ့ အားအနည်းဆုံးက သူတို့ရဲ့ Support။ ပြည်သူလူထု Support ထောက်ခံမှုမရှိဘူး။

သူတို့ထဲမှာ အားလုံးကွဲပြားနေတာရှိတယ်။ ကျွန်မ တချို့ CDM ထွက်လာတဲ့ ဗိုလ်ကြီးတွေ၊ တပ်သားတွေကို အင်တာဗျူးလုပ်လိုက်တဲ့အခါမှာ သူတို့ပြောတယ် ၁၀ ယောက်ထဲက ၇ ယောက်က မတိုက်ချင်တော့ဘူး လုံးဝ စစ်တပ်မှာ နေလည်း မနေချင်တော့ဘူး။ ဆိုတော့ အဲဒီဥစ္စာ တကယ် သူတို့ သေနတ်ကိုင်ပြီး တိုက်မလား ဒါမှမဟုတ် အဲဒီ ၇ ယောက်ကို ဘယ်လိုနည်းနဲ့ ဆွဲထုတ်နိုင်မလဲ။ အဲဒီဟာက တကယ်ဆွဲထုတ်မယ်ဆိုလို့ရှိရင် ကိုယ့်ဘက်ကလည်း သေစရာမလိုဘူး။ ဘာမှလည်း ဒီလိုမျိုးသေနတ်တွေလည်း မလိုအပ်ဘူး။ တကယ်က ကိုယ်က ပိုပြီးတော့ သိလာလေလေ ကိုယ့်ရဲ့ ဗျူဟာက ဘယ်လို အဲဒီဟာ အသုံးချပြီးတော့ လုပ်ရမလဲဆိုတာ ထွက်ပေါ်လာမယ်။

အဲဒါကြောင့်မို့လို့ အမြဲတမ်းပြောတယ် ဗျူဟာက ပိုအရေးကြီးတယ်။ ဗျူဟာလို့ ပြောတဲ့အခါမှာလည်း ရန်သူအကြောင်း ပိုသိလေ ကိုယ့်ရဲ့ဗျူဟာက ပိုပြီးတော့ ခိုင်မာလေ။ ရန်သူရဲ့ အားသာချက် အားနည်းချက်ကို ပိုသိလာလေလေ ဒါကြောင့်မို့လို့ Intelligence operation တကယ်အဓိကထားပြီး လုပ်ဖို့ လိုအပ်တယ်။ အမြဲတမ်း ပြည်သူလူထုရဲ့ ထောက်ခံမှု ရှိနေအောင်လည်း လိုအပ်တယ်။ တချို့တွေဆိုလို့ရှိရင် နည်းနည်းလေး အာဏာလေးရှိလာပြီဆိုလို့ရှိရင် ပြည်သူလူထုကို ညှဉ်းဆဲတာတွေ လုပ်တတ်တာတွေရှိတယ်။ အဲဒီဟာ လုံးဝ လုံးဝ လုပ်လို့မရဘူး။

တစ်ခုက ကျတော့ အဲဒီလိုမျိုး ပြည်သူလူထုကို ဖောက်ပြားတာတွေ လုပ်လို့ရှိရင် တော်လှန်ရေးပြီးသွားလို့ရှိရင် သူတို့ရဲ့ နိုင်ငံ တကာ Human Rights Violation နဲ့လည်း အရေးယူခံရလိမ့်မယ်။ နံပါတ် ၂ က ကိုယ်က အဲဒီအနိုင်ကျင့်တဲ့ စ်တပ်က အနိုင်ကျင့်တာကို မကြိုက်လို့ တော်လှန်နေတာ ကိုယ်က အဲဒီလိုမျိုး လိုက်လုပ်လို့ ရှိရင် သူတို့အတိုင်းပဲ ပြန်လုပ်နေပြီလေ။ နံပါတ် ၃ အဲဒီလိုမျိုး လုပ်လာလို့ရှိရင် ပြည်သူလူထု ထောက်ခံမှု ပျောက်လိမ့်မယ်။ ပြည်သူလူထု ထောက်ခံမှုပျောက်လို့ရှိရင် တော်လှန်ရေးဆုံးမှာပဲ။

People Power is number one လုံးဝ အရေးအကြီးဆုံးပဲ။ People Power မရှိဘဲနဲ့ တော်လှန်ရေးဆိုတဲ့ Revolution ဘယ်တော့မှ မနိုင်ဘူး။ ဆိုတော့ အဲဒီလိုမျိုးလုပ်လာလေလေ ဖြစ်တတ်တယ်။ အရမ်းသတိထားရတယ်။ ဂုဏ်သိက္ခာနဲ့ ကျင့်ဝတ်ပြည့်စုံစွာလုပ်ဖို့ လိုအပ်တယ်။ စကစလိုမျိုးလိုက်မတုနဲ့။ သူတို့ ဘာလုပ်လို့ရှိရင် အတုလိုက်မလုပ်နဲ့။ ဘာလို့ဆို သူတို့လုပ်တဲ့နည်းက ဆုံးရှုံးတဲ့ နည်းတွေ။ အဲဒါကြောင့်မို့ သူတို့ ရှုံးနေတာ။ ကိုယ်ပါ သူတို့လိုမျိုးလိုက်လုပ်လိုက်လို့ရှိရင် ကိုယ်ပဲ ဆုံးရှုံးမှာလေ။အဲဒီဥစ္စာ သတိပေးချင်ပါတယ်။

မေး ။ ။ တော်လှန်ရေးစတဲ့အချိန်မှာ ပြည်သူ့အာဏာ ပြည်သူ့ ပြန်ပေးဆိုတဲ့ ဒီကြွေးကြော်သံ နဲ့ ။ အခုလက်ရှိမှာ အာဏာရှင်ကို တော်လှန်ရင်းနဲ့ အာဏာရှင်အသေးစားလေတွေ မဖြစ်ရေးက အရမ်းအရေးကြီးတဲ့ ကာလရောက်ပြီပေါ့နော်။ ပြည်သူ့အုပ်ချုပ်ရေး နယ်မြေတွေရလာပြီ။ ပြည်သူတွေ ပိုင်စိုးတဲ့ နယ်မြေတွေ အများကြီး ဖြစ်လာပြီဆိုတော့ ဆရာမကြီးအနေနဲ့ အဘာ အကြံပေးချင်လဲ။

ဖြေ ။ ။ ကိုယ်က နယ်မြေအုပ်ချုပ်ရေးရလာပြီဆိုလို့ရှိရင် ကိုယ်က Democratic တွေ လုပ်ရတော့မယ်။ ကိုယ်က ဒီမိုကရေစီ ပြန်ပြီးတော့ restore လုပ်နေတာကိုး။ ကိုယ်ကိုယ်၌က ဒီလိုမျိုး အာဏာရှင်ဆန်ဆန်လိုက်လုပ်လာပြီဆိုလို့ရှိရင် အားလုံးရဲ့ ဒီလူတွေ အတော်များများအသက်ပေးပြီးတော့ တိုက်သွားတဲ့ လူတွေကို သူတို့ရဲ့ အသက်တွေက ဆုံးရှုံးပြီးတော့ မရဘဲနဲ့ ဒီအာဏာရှင် နောက်ထပ်စနစ်တစ်ခုပြန်ဖြစ်သလိုမျိုး ပြန်ဖြစ်သွားလိမ့်မယ်။ ကိုယ်ကိုယ်၌လည်း ပါလာတဲ့အတွက်ကြောင့် စည်းစိမ်တွေ လွှတ်ထားရတယ်။

ဘဝတွေလည်း တော်တော်များများပြောင်းသွားပြီ ပျောက်သွားပြီ အဲဒါတွေရှိနေတဲ့ ဥစ္စာကို ပြန်ပြီးတော့ အဲဒီလ်ုမျိုး ပြန်လုပ်လိုက်တဲ့အခါကျတော့ အားလုံးပေးပေ်လိုက်တဲ့ဟာ အလကားလိုမျိုးဖြစ်သွားတယ်။ ဒီနေ့ တကယ် ဒီမိုကရေစီစစ်စစ်ကို လိုလားတယ်၊ လိုချင်တယ်ဆိုရင် ကိုယ်ကိုယ်၌ကလည်း Democratic Credit ကို လုပ်လုပ်မယ်။ အားလုံးကို ပူးပေါင်းပြီး လူတွေရဲ့ Voice ကို နားထောင်ရမယ်။ ပြည်သူလူထုရဲ့ လိုလားချက်ကို ကိုယ်က ဖြည့်စွက်ပေးနိုင်ရမယ်။ တစ်ကိုယ်ကောင်းအတွက် မဟုတ်ဘူး။ ကိုယ်ကြိုက်တဲ့ ဥစ္စာပဲလုပ်မယ်။ အဲဒါဆိုလို့ရှိရင် ဒါ အာဏာရှင်စနစ်ပဲ ပြန်ပြောင်းမယ်။ ပြန်ပြီးတောလ ကိုယ်က အဲဒီလိုမျိုး ဖြစ်လာချင်တယ်၊ လုပ်လာချင်တယ်ဆိုရင် ပြန်ပြီးတော့ သုံးသပ်ဖို့ လိုအပ်တယ်။ အဲဒီလိုမျိုးလုပ်လာလို့ရှိရင်လည်း ပြည်သူလူထုရဲ့ Support က ထောက်ခံမှုက ပျောက်မယ်။

မေး ။ ။ တော်လှန်ရေးက တိုင်းရင်းသား နယ်မြေတွေမှာအရမ်းအားကောင်းတယ်။ တိုင်းရင်းသားနယ်မြေမှာ ပူးပေါင်းတိုက်ပေးတဲ့ အခုဟာက တစ်နေရာမှာ တိုက်တယ်ဆိုရင် အားလုံးက ပူးပေါင်းပြီးတော့ တိုက်ကြတာပေါ့။ ဒီလိုမျိုး တစ်ဖွဲ့နဲ့ တစ်ဖွဲ့ဟာ လက်နက်ရှိတဲ့ လူကို ဘေးကနေ လူအင်အားနဲ့ ဝိုင်းပြီး တိုက်ရတဲ့အခါ ဒီလိုအခြေအနေဟာ မင်းအောင်လှိုင်ကို တုန်လှုပ်စေပြီးတော့ မြန်မြန်ပြိုကျ စေသလား မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေကို။

ဖြေ။ ။ ဟုတ်တယ်လေ။ အဲဒါ တုန်လှုပ်စရာပဲ။ ဘာလို့လဲဆိုတော့ မြန်မာစစ်တပ်က အစကတည်းက သူတို့မှာ အားအကြီးဆုံးအချိန်တောင်မှ တစ်နိုင်ငံလုံးကို ဖြန့်ပြီးတော့ တိုက်ဖို့အတွက်က မလွယ်ဘူး။ အခုကျတော့ သူ့မှာ အများကြီး ပြိုကွဲနေပြီ ဖြစ်နေတဲ့အချိန်မှာ ဟိုဘက်က အားကောင်းကောင်းနဲ့ တစ်နိုင်ငံလုံး သူ့ကို ပြန်ပြီးတော့ ပုန်ကန်နေတဲ့အခါကျတော့ ဘယ်လိုမှ မလွယ်ဘူး။

အဲဒါကြောင့်မို့လို့ သူတို့အတွက် ခုခံစစ် ဖြစ်သွားပြီ။ အရင်တုန်းက တိုက်စစ်လုပ်နေတာ။ တိုက်စစ်လုံးဝ မလုပ်နိုင်တော့ဘူး။ ဒါပေမဲ့ ရှမ်းမြောက်ကို သွားဖို့ အတွက်တောင်မှ Reinforcements လုံးဝ မပို့ပေးနိုင်ဘူး။ သူ့အတွက် အရမ်းတုန်လှုပ်‎ခြောက်ခြားဖို့ အချိန်ရောက်လာပြီ။ သူလည်း တုန်လှုပ်ခြောက်ခြားနေမှာပဲ။

မေး ။ ။ အခုဆိုရင် စစ်တပ်ဘက်က ရာထူးကြီးတွေ အဖမ်းခံရတယ်။ တစ်နေ့က ဆိုရင် တပ်မမှူး။ ဗိုလ်မှူးချုပ် ဝင်းမင်းထွန်းဟာ ဆိုရင် TNLA က ဖမ်းခံထားရတဲ့ သူ့ရဲ့ ဗီဒီယိုဖိုင် တက်လာပါတယ်ရှင့်။ မင်းအောင်လှိုင်တပ်ရဲ့ အောက်ခြေက လူတွေ ပြည်သူ့ရင်ခွင်ဘက်ကို ကူးပြောင်းဖို့ ဆရာမကြီးအနေနဲ့ တိုက်တွန်းစကားမျိုး ပြောပြပေးပါဦး ။

ဖြေ ။ ။ တိုက်တွန်းစကားပြောရမယ်ဆိုရင်တော့ သူတို့သိတဲ့အတိုင်းပဲ စစ်တပ်က ပြိုကွဲနေပြီ။ သူတို့ ပြန်စဉ်းစားရမှာက ဒီစစ်တပ်က ပြည်သူ့အတွက် ကာကွယ်ရေး စစ်တပ်မဟုတ်တော့ဘူး။ ဒီဥစ္စာက မင်းအောင်လှိုင်နဲ့ လူအနည်းစုအဖွဲ့ကို ကာကွယ်ဖို့ လုပ်ထားတာ။ ကိုယ်က ပြန်စဉ်းစားရတော့မယ်။ ငါတို့ မင်းအောင်လှိုင်နဲ့ လူတစ်စုကို အသက်ပေးပြီးတော့ လုပ်ပေးချင်တာလား။ ကိုယ့်အသက်က ဒီလောက်လောက်ပဲ တန်ဖိုးရှိသလား ပြန်ပြီးတော့ စဉ်းစားဖို့ လိုအပ်လာပြီ။

ကျွန်မ စစ်တပ်ထဲမှ ဝန်ထမ်းလုပ်လာတဲ့ လူဆိုတော့ ကျွန်မ အသက်ပေးမယ်ဆိုတာ နိုင်ငံအတွက်ကို အသက်ပေးမှာ။ ပြည်သူ လူထုအတွက်ကို အသက်ပေးမှာ။ ကျွန်မ လူတစ်ယောက်စာ တစ်ဖွဲ့စာလေးကို ပေးဖို့ လုပ်တာ မဟုတ်ဘူး။ များသောအားဖြင့် တကယ်စစ်တပ်ထဲ ဝင်လာတဲ့ လူတိုင်းက အဲဒီလိုပါပဲ။ သူတို့အခုချိန်မှာ ပြန်ပြီးတော့ သုံးသပ်ရမှာ ငါ့ အသက်က တန်ဖိုးရှိတယ်။ လူတိုင်းရဲ့ အသက်က တန်ဖိုးအရှိဆုံးပဲ ။ အဲဒီထက်ပိုပြီး မပေးနိုင်ဘူး။ တစ်သက်မှာ တစ်ခုပဲ ရှိတယ်။ တစ်သက်ပဲရှိတယ်။ အဲဒီ ဥစ္စာကို ဒီလူတွေအတွက်ပေးမှာလား၊

ပြည်သူလူထုကို ကာကွယ်ဖို့ နိုင်ငံကို ကာကွယ်ဖို့ ပေးမှာလား စဉ်းစားဖို့ လိုတယ်။ နိုင်ငံကို ကာကွယ်ဖို့ဆို အခုအချိန်မှာ နိုင်ငံက ပြည်သူလူထု၊ ပြည်သူလူထုက နိုင်ငံ။ ပြည်သူလူထုက နိုင်ငံကို ဖွဲ့ထားတာ။ လူတစ်စုက လုပ်တာ မဟုတ်ဘူး။ အဲဒါပြန်ပြီးတော့ စဉ်းစားဖို့ လိုအပ်တယ်။ အခုချိန်မှာ အကယ်၍ ထွက်လာချင်ရင် ပြည်သူ့ရင်ခွင်တို့ အမျိုးစုံပဲ။ နည်းမျိုးစုံရှိတယ်။ ပံ့ပိုးမှုတွေလည်း အများကြီးရှိတယ်လို့ ကျွန်မသိရတယ်။ အရင်တုန်းကလို မဟုတ်ဘူး အခုထွက်လာရင် အများကြီး အခြေအနေကောင်းတယ်လို့ ပြောလို့ရတာပေါ့နော်။

မေး ။ ။ မြန်မာနိုင်ငံမှာ အင်အားအကြီးဆုံးဖြစ်တဲ့ စစ်တပ်ကြီး ပြိုကျသွားတဲ့အခါ ဖက်ဒရယ်တပ်မတော်ကြီးက ပေါ်ပေါက်လာနိုင်မလား။ ပေါ်ပေါက်လာမယ်ဆိုရင်ကော သူ့ရဲ့ဖွဲ့စည်းပုံ စည်းမျဉ်းစည်းကမ်းတွေ ရေးဆွဲတဲ့အခါ ဘယ်နိုင်ငံတွေကို ဥပမာယူသင့်တယ်ဆိုတာ ဆရာမကြီး အနေနဲ့ အကြံပေးလိုတာတွေ ရှိတယ်ဆိုလို့ရှိရင် ပြောပြပေးပါဦး။

ဖြေ ။ ။ နိုင်ငံတိုင်းမှာတော့ တစ်မျိုးစီရှိတာပေါ့နော်။ သူတို့ရဲ့ Culture သူတို့ရဲ့ ယဉ်ကျေးမှုအလိုက် သူတို့ရဲ့ အဖွဲ့အစည်းအလိုက် သူတို့မှာ စစ်တပ်တွေ ရှိကြတယ်။ အားလုံးကိုတော့ လေ့လာဖို့ လိုအပ်တယ်။ ဒါပေမဲ့ တကယ်လုပ်တယ်ဆိုရင် မြန်မာနိုင်ငံမှာ အားလုံးလက်ခံနိုင်တဲ့ အဖွဲ့အစည်းမျိုး ဖြစ်ရမယ်။ အားလုံးသဘောတူတဲ့ အဖွဲ့အစည်းမျိုးဖြစ်ရမယ်။

တစ်နေ့ ဖက်ဒရယ်စစ်တပ်ဖွဲ့ချင်တယ်ဆိုလို့ရှိရင် အခုကတည်းက စစ်တိုက်တဲ့အခါ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်။ အဲဒီလို ပူးပေါင်းဆောင်ရွက်တဲ့ အကျိုးဆက်က အခြေခံဖြစ်သွားတာပေါ့။ ဖက်ဒရယ်စစ်တပ်ကို တည်ထောင်ဖို့အတွက်က။ ဆိုတဲ့အတွက်ကြောင့်မို့လည်း ပူးပေါင်းဆောင်ရွက်လို့ရှိရင် စစ်ပွဲနိုင်မယ်၊ မြန်မြန်နိုင်မယ်။အဲဒီဥစ္စာကလည်း ဖက်ဒရယ်ဒီမိုကရေစီရောက်ဖို့အတွက်ကို အများကြီး အခြေခံအချက်အလက်လို ဖြစ်သွားလိမ့်မယ်။

မေး ။ ။ လက်ရှိမှာ တော်လှန်ရေးက ၃ နှစ်ကျော်အချိန်ကာလရောက်တဲ့အချိန်မှာ တော်လှန်ရေးကလည်း အင်အားကောင်းတယ်။ ကိုယ်ပိုင်စိုးမိုးနယ်မြေတွေ လွတ်လပ်နယ်မြေတွေကလည်း အများကြီး မြို့တွေ အများကြီးကိုလည်း သိမ်းပိုက်နိုင်တဲ့အခြေအနေဖြစ်လာတယ်ဆိုတော့ ဆရာမကြီးအနေနဲ့ တော်လှန်ရေးမှာ ထပ်ပြီးတော့ အရှိန်တွေ ပိုကောင်းအောင် သတိထားသင့်တဲ့ အချက်တွေ မလုပ်သင် အဲဒါမျိုးတွေ ရှိရင် ဆရာမကြီးအနေနဲ့ နောက်ဆုံးအနေနဲ့ အကြံပြုစကား ပြောပြပေးပါဦးရှင့်

ဖြေ ။ ။ ကျွန်မ ပြန်ပြီးတော့ summarized လုပ်ရမှာပဲ။ ကျွန်မ ခုန ပြောသွားပြီးပြီ Tipping Point ကနေ End Point ရောက်သွားဖို့ အတွက် ပိုပြီးတော့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်။ ပူးပေါင်းဆောက်ရွက်တာ အများကြီးကောင်းတယ်။ အဲဒီအတွက်ကြောင့်မို့လည်း Tipping Point အထိကို သူတို့ လုပ်လာနိုင်တာ။

ဒါပေမဲ့ Tipping Point ကနေ End point ကို ရောက်ချင်တယ်ဆိုလို့ရှိရင် ဒီထက်ပိုပြီး ပူးပေါင်းဆောင်ရွက်ဖို့ အရေးအကြီးဆုံးပဲ။ ပြီးလည်း ပြီးရော ပြည်သူလူထု ထောက်ခံမှု။ အမြဲတမ်း ပြည်သူလူထုထောက်ခံမှုကို လိုအပ်တယ်။ အဲဒါကြောင့်မို့ ကိုယ်ထိန်းသိမ်းထားတဲ့ နယ်မြေတွေမှာ Democratic principles တွေနဲ့ မူဝါဒတွေနဲ့ အုပ်ချုပ်ဖို့ လိုအပ်တယ်။

ပြည်သူလူထုကို ဘယ်တော့မှ အနိုင်ကျင့်တာတွေ လုပ်လို့ မရဘူး။ တချို့ဆို အရင်တုန်းက လက်နက်မရှိဘူး။ အခု လက်နက်ရှိတယ် လက်နက်အသုံးချပြီးတော့ အနိုင်ကျင့်တယ်ဆိုတာ ဒါ ခုနပြောသလို မင်းအောင်လှိုင်တို့လို ပြန်လုပ်တာ ဖြစ်နေပြီ။ ပြည်သူလူထုရဲ့ ထောက်ခံမှု ယုံကြည်မှု ပျောက်လို့ရှိရင် End Point ရောက်ဖို့ ပိုပြီးတော့ ခက်ခဲလာလိမ့်မယ်။ ၂ ခုပဲ။ ပူးပေါင်းဆောင်ရွက်မယ်၊ ပြည်သူလူထုကို အနိုင်မကျင့်ဖို့။ ဒီမိုကရေစီ principles တွေနဲ့ ကိုက်ညီစွာ ဂုဏ်သိက္ခာရှိရှိနဲ့ ထိန်းထားတဲ့ နေရာတွေ အုပ်ချုပ်ဖို့ လိုအပ်တယ်လို့ ပြောချင်ပါတယ်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #DemocraticPrinciples

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article