27 C
Yangon

နတ်တလင်းမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် မလုပ်လိုဟု ငြင်းဆန်ခဲ့သူ ပြည်သူ ၃ ဦးကို စစ်တပ်က အကြမ်းဖက် ဖမ်းဆီး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၉

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် အဖြစ် အမှု မ ထမ်း လိုကြောင်း ငြင်းဆန်ခဲ့သူ ပြည်သူ ၃ ဦးကို စစ် တပ် က အကြမ်းဖက် ဖမ်း ဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြော ဆိုသည်။

ဇန်နဝါရီလ ၁၈ ရက်နေ့ နတ်တလင်းမြို့နယ်၊ ချဥ်ယုတ်ကွင်းရွာတွင် ပြည်သူ့ စစ်အဖြစ် သင်တန်းတက်ရန်နှင့် စစ်မှုထမ်းရန် မဲနှိုက် ရွေးချယ်ရန် ပြင်ဆင် လာသဖြင့် အိမ်ခြေ ၈၀ ကျော်ရှိသော ချည်ယုတ်ကွင်းကျေးရွာမှ ပြည်သူများက တစ်အိမ်လျှင် တစ်ယောက်နှုန်း စာရင်း ပေးလိုက်ကြကြောင်း၊ သို့ရာတွင် ပြည် သူ့ စစ် မလုပ်လိုသော ချည်ယုတ်ကွင်းကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ညောင်သုံးပင် ကျေးရွာများမှ ပြည်သူတချို့က စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ များထံ သွားရောက် ပြောဆို ငြင်းဆန်ကြကြောင်း၊ ထိုသို့ ပြည်သူ့စစ် မလုပ် လိုဟု ဦးဆောင် ငြင်းဆန်ခဲ့သော အမျိုးသားပြည်သူ ၃ ဦးကို စစ်တပ်က ည အချိန် ဖမ်းဆီးသွားကြောင်း၊ ဖမ်းဆီးခံရသူများမှာ ဦးမျိုးမင်းထွန်း၊ ဦးသန်းဦး၊ မောင်အာကာဇော်တို့ဖြစ်ကြောင်း သိရှိရသည်။

” ချဥ်ယုတ်ကွင်းရွာ၊ ရွာသစ်၊ ညောင်သုံးပင်ရွာမှ ပြည်သူတွေက ပြည်သူ့ စစ် သင် တန်းကိုမတက်နိုင်ဘူးလို့ ရပ်ရွာလူကြီး ဦးမြင့်ရွှေ၊ ဦးဇော်ကြီး၊ဦးမောင်ချို၊ဥက္ကဋ္ဌ ဦးကျော်နိုင် တို့ကို သွားပြောပြီး ငြင်းဆန်တယ်။ အဲဒါ ညချိန်ရောက် တော့ ရွာလူကြီးနဲ့အုပ်ကြီးတို့က စစ်သားနဲ့ရဲတွေကို အကြောင်းကြားပြီး ပြည်သူ့ စစ် မလုပ်နိုင်ဘူးဆိုပြီး ငြင်းဆန်တဲ့ ပြည်သူ အမျိုးသား ၃ ဦးကို ကိုဖမ်းသွား တယ်။ ညတွင်းချင်းပဲ ဖမ်းသွားတာ။ အဖမ်းခံရသူတွေက ဦးမျိုးမင်းထွန်း၊ ဦးသန်းဦး၊ မောင်အာကာဇော် တို့ဖြစ်ပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြော ဆိုသည်။

ပဲခူးတိုင်း၊ နတ်လင်းမြို့နယ်၊ ချဥ်ယုတ်ကွင်းကျေးရွာအုပ်စုတွင် ရွာပေါင်း ၇ ရွာရှိပြီး ချဥ်ယုတ်ကွင်းရွာ၊ ကရင်ကုန်းရွာ၊ ညောင်သုံးပင်ရွာ၊ မင်္ဂလာကျွန်းဂ၊ အင်တိုင်းပုရွာ၊ ဘုန်ရှည်ကုန်းရွာ ရွာရှည်ရွာ တို့ဖြစ်ကြောင်း၊ ယနေ့ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် အင်တိုင်းပု ၊ဘုန်ရှည်ကုန်း၊ ရွာရှည်ရွာတို့တွင် ပြည်သူ့စစ် သင် တန်းတက်ရောက်ရန် မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်း၊ တစ်ရွာလျှင် လူ ၂၀ စု ဆောင်း ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်ကိုင်းတိုင်းအတွင်း စစ်တပ်က ပြုလုပ်ခဲ့သော ပျူစောထီး စစ်သင် တန်း တစ်ခု။ (ပုံအဟောင်းဖြစ်ပါသည်။)

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #နတ်တလင်းမြို့နယ် #စစ်ကောင်စီ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article