28 C
Yangon

ကလေးမြို့တွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် အသက် ၇ နှစ်အရွယ် ကလေး ငယ် တစ်ဦး ကျည်ထိမှန် သေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၉

စစ်ကိုင်းတိုင်း၊ကလေးမြို့တွင်ယမန်နေ့ ညပိုင်း စစ်တပ်၏ ပစ်ခတ်မှုကြောင့် အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးကြောင်း သိရှိရသည်။

ယမန်နေ့ ဇန်နဝါရီလ ၁၈ရက်နေ့ ည ၇ နာရီဝန်းကျင်အချိန် ကလေးမြို့၊ထောက်ပို့တပ်၏ အနောက်ဘက် ကွက်သစ်ရပ်ဘက်သို့ စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ပြီး ဘေးတွဲ ဆိုင်ကယ် စီးနင်းလာ သော သားအဖ နှစ်ဦးအနက်မှ အသက် ၇ နှစ် အရွယ် မလွန်ရှန်ကျိန်၏ ရင်ဘတ်ကို ကျည်ဆန် ထိမှန်ခဲ့ကြောင်း၊ ယင်းနောက် ကျည်ထိမှန်သော ကလေးငယ်ကို ဆေးရုံတင်ပို့စဉ် ဆေးရုံအရောက်တွင် ဆုံးပါးသွားကြောင်း သိရှိရသည်။

” ပုဂ္ဂလိက ဆေးရုံတစ်ခုကိုပို့ပေမယ့် လက်မခံလို့ ကုတင် တစ်ရာ(စစ်ဆေးရုံ) ကိုပို့ရာမှာ ဆုံးသွားတယ်” ဟု ကလေးမြို့ ခံတစ်ဦးက ပြောဆိုသည်။

ကလေးမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးများ၊ လက်နက်ငယ်များဖြင့် မကြာခဏ ဆိုသလို ပစ်ခတ်နေသဖြင့် ပြည်သူများ ထိမှန် သေဆုံးမှု၊ ဒဏ်ရာ ရရှိမှုများ အမြဲလိုလို ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #ကလေးမြို့ #စစ်တပ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article