30 C
Yangon

မုံရွာတွင် စစ်အာဏာရှင် ဆန့်ကျင်ရေးနှင့် လူထုစည်းရုံးလှုံ့ဆော်ရေး ဆိုင်ကယ်သပိတ်စစ်ကြောင်း ချီတက်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၉

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးနှင် လူထုစည်းရုံး လှုံ့ဆော်ရေး ဆိုင်ကယ်သပိတ်စစ်ကြောင်း ချီတက် ထွက်ရှိကြောင်း မုံရွာလူ ထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ မှ စည်းရုံးလှုံ့ဆော်ရေး ဆိုင် ကယ် သပိတ်စစ်ကြောင်းသည် ဒေသခံစည်းရုံး​ရေး တာဝန်ခံ လူငယ်များ နှင့် အတူ သပိတ်ထွက်ရှိကြောင်း၊ တော်လှန်ရေး နှိုးဆော်မှုများနှင့် လူထု လှုပ်ရှား မှုလုပ်ငန်းစဥ်များကို ပူးပေါင်းပါဝင်ကြရန် ကျေးရွာများအနှံ့ လိုက်လံ နှိုးဆော် ခဲ့ကြကြောင်း၊ ကျေးရွာတစ်ခုအရောက်တွင် ဒေသခံပြည်သူများ၏ တောင်းဆို ချက်အရ ခြေလျင်စစ်ကြောင်းအဖြစ် အသွင်းပြောင်း၍ ရွာလူထုနှင့် အတူ ချီတက် ခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ သပိတ်စစ်ကြောင်းတွင် နည်းပညာတက္ကသိုလ်တက္ကသိုလ် ကျောင်း သား များသမဂ္ဂ ဥက္ကဌ ကိုရဲရင့်လှိုင် သပိတ်တရားများဟောကြားခဲ့ပြီး မုံရွာမြို့ နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ကျေးရွာကာကွယ်ရေးအဖွဲ့များ၏ လုံခြုံရေး ယူ ကာကွယ်ပေးမှုဖြင့် သပိတ်စစ်ကြောင်းတွင်ပါဝင်သူများအားလုံး လုံခြုံစွာ ဖြင့် လူစုခွဲနိုင်ခဲ့ကြောင်း သိရှိရသည်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #စစ်အာဏာရှင် #ဆန့်ကျင်ရေး #သပိတ်စစ်ကြောင်း

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article