37 C
Yangon

သပိတ်ကျင်းမြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားနေပြီး စစ်တပ်က ကျေးရွာများကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကြောင့် နေအိမ်များ ပျက်စီး

Must read

သပိတ်ကျင်းမြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားနေပြီး စစ်တပ်က ကျေးရွာများကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကြောင့် နေအိမ်များ ပျက်စီး

ရန်ကုန်၊ ဇန်နဝါရီ ၁၉

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်း တိုက်နယ်အတွင်း၌ တိုက်ပွဲများဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က ကျေးရွာများကို လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသနေပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇန်နဝါရီလ ၁၈ ရက် မွန်းတည့် ၁၂ နာရီခန့်က တကောင်းတိုက်နယ်၊ မန္တလေး – ထီးချိုင့် ကားလမ်းမပေါ်သို့ အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးလာသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များနှင့် တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီက အထိနာပြီး လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

“စစ်ကြောင်းမထိုးတာက ၁ လကျော်လောက်ရှိပြီ၊ အခုစစ်ကြောင်းထိုးလာတော့ PDF တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်တာ၊ စစ်သားတွေ ပိတ်မိသွားတော့ လေကြောင်း ပစ်ကူခေါ်တာထင်တယ်၊ ပေါ်တော်မူ ကျေးရွာအုပ်စုကို လေယာဉ်နဲ့ ဗုံးကျဲသွားတယ်၊ ထိခိုက်ပျက်စီးမှုတွေတော့ရှိတယ်၊ ဘယ်လောက်ရှိ တယ်ဆိုတာတော့ မသိရဘူး” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း ဒေသပြည်သူများထံမှ သိရသည်။

#နွေဦးတော်လှန်ရေး yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #PDF #စစ်တပ် #သပိတ်ကျင်းမြို့နယ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article