25 C
Yangon

ရေဖြူမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်တွင် ပျူစောထီး ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရေဖြူမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်တွင် ပျူစောထီး ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၉

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ ဇာဒီကျေးရွာနေ ပျူစောထီး ခေါင်းဆောင် ဦးလားလားကို ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင်သေဆုံးသွားကြောင်း ထားဝယ် ခရိုင်အမှတ် ၁ တပ်ရင်းထံမှ သိရသည်။

ဇန်နဝါရီလ ၁၆ ရက် နံနက် ၁၁ နာရီ မိနစ် ၅၀ အချိန်ခန့်က ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ ဇာဒီ ကျေးရွာရှိ စစ်ကောင်စီ၏ လက်ကိုင်တုတ်ဖြစ် သော ပျူစောထီး ခေါင်းဆောင် ဦးလားလား ဆိုသူကို သွားရောက်ရှင်းလင်းခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး ပျူစော ထီးခေါင်းဆောင် လားလားမှာ နေ ရာ မှာပင်သေဆုံးသွားပြီး စစ်ကောင်စီမှ ပေးအပ်ထား သော 380 Pisto သေ နတ် ၁ လက်၊ ကျည် အတောင့် ၂၀ ၊ လက်ထိပ် ၁ ခု၊ ဆိုင်ကယ် ၁ စီး နှင့် အသုံးအဆောင် တချို့ကို သိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်ရှင်းလင်းမှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ထားဝယ်ခရိုင်၊ အမှတ် ၁ တပ်ရင်း နှင့် ဇင်ယော်တပ်ဖွဲ့ (ရေဖြူ-ပကဖ) တို့ပူးပေါင်းကာ ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်အနေဖြင့် ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ခွာစစ်ပြုနိုင်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ၏ လက်ကိုင်တုတ်ပျူစောထီးများနှင့် စစ်ကောင်စီတပ်သားများအနေဖြင့် ကျဆုံးလုနီးနီး ဖြစ်သော အကြမ်းဖက်စစ်ကောင်စီလက်အောက်မှ အမြန်ရုန်းထွက်ပြီး မိသားစု ဘဝ ရှင် သန်ရေး အ တွက်သာအားထုတ်ကြရန်နှင့် အလင်းဝင်ရောက်လာမည့် စစ်ကောင်စီတပ်သားများ နှင့်၄င်းတို့၏ မိ သားစုဝင်များကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင်၊အမှတ် ၁ တပ်ရင်းမှ လုံခြုံမှု၊ ချီး မြှင့်မှုများနှင့်အတူ နွေးထွေးစွာ လက်ကမ်းကြိုဆိုလျက်ရှိကြောင်း အသိပေးထားသည်။

အလားတူ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာနေ ပျူစောထီးတစ်ဦးကို ပစ်ခတ်ရှင်း လင်းရာ နေရာ မှာပင်ပွဲချင်းပြီးသေဆုံးသွားကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု – KRF ထံမှ သိရသည်။

ယနေ့ ဇန်နဝါရီလ ၁၉ ရက် ညနေ ၃ နာရီ ၁၀ မိနစ်ခန့်တွင် ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာနေ ပျူစောထီး တင်အေး(ခ)ပြူးကြောင်ကို ကျိုက်ထိုတော်လှန်ရေးအင်အားစု – KRF ရဲဘော်များက မုပ္ပလင်ကျေးရွာအနီး ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင်ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။

သေဆုံးသူ တင်အေး(ခ)ပြူးကြောင်သည် စစ်တပ်အားကိုးဖြင့် ပြည်သူများကို အမျိုးမျိုးဒုက္ခပေးနေ သည့်အပြင် ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းများကို စုံစမ်းကာ စစ်ကောင်စီကို တိုင်ကြား သတင်းပေးနေသူဖြစ်သဖြင့် စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ကာ ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #KRF #ကျိုက်ထိုတော်လှန်ရေးအင်အားစု #ပြည်သူ့ကာကွယ်ရေးတပ်မတော် #ရေဖြူမြို့နယ် #ကျိုက်ထိုမြို့နယ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article