25 C
Yangon

ပခုက္ကူမြို့နယ်အဝင် ရထားသံလမ်းဂိတ်ရှိ စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၁ ဦးသေဆုံး၊ ပခုက္ကူမှ ရေစကြိုမြို့ကို ထွက်ခွာလာသည့် စစ်တပ်၏ ထောက်ပို့ယာဥ်တန်းကို မိုင်းဆွဲမှု ကား ၂ စီးပျက်စီး

Must read

ပခုက္ကူမြို့နယ်အဝင် ရထားသံလမ်းဂိတ်ရှိ စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၁ ဦးသေဆုံး၊ ပခုက္ကူမှ ရေစကြိုမြို့ကို ထွက်ခွာလာသည့် စစ်တပ်၏ ထောက်ပို့ယာဥ်တန်းကို မိုင်းဆွဲမှု ကား ၂ စီးပျက်စီး

ရန်ကုန်၊ ဇန်နဝါရီ ၁၉

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အဝင် ရထားသံလမ်းဂိတ်ရှိ စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးခဲ့ကြောင်း Burma Revolution Rangers တပ်ဖွဲ့တာဝန်ခံ ကာတွန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ပခုက္ကူမြို့နယ် အဝင်ရထားသံလမ်းဆုံ ဂိတ်ရှိ ဘန်ကာများ ပြုပြင်နေသော စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးသီး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ တပ်ခွဲ ၁ မှ တပ်စိတ် ၁ Burma Revolution Rangers ၊ PPDF နှင့် မြိုင်မြို့နယ် ပကဖ တပ်ရင်း ၁ တို့ ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ပခုက္ကူမြို့မှ ရေစကြိုမြို့သို့ ထွက်ခွာလာသော အကြမ်းဖက် စစ်တပ်၏ ရိက္ခာတင်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကား ၂ စီးပျက်စီးခဲ့ကြောင်း Young Force – UG တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇန်နဝါရီလ ၁၉ ရက် နံနက်ပိုင်းက ပခုက္ကူမြို့မှ ရေစကြိမြို့ဘက်သို့ ထွက်လာသော စစ်တပ် ရိက္ခာတင်ယာဉ်နှင့် လုံခြုံရေးယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရှေ့ဆုံးကား ၂ စီးပျက်စီးပြီး စစ်ကောင်စီတပ်သား အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ နောက်မှလိုက်လာသည့်ကားမှာ နီးစပ်ရာ ပခုက္ကစက်မှုဇုန်ဂိတ်သို့ ပြန်လှည့်သွားကြောင်း သိရသည်။

“ရှေ့က ၂ စီးထိတယ်၊ ထိတော့ နီးတဲ့ ပန်းတိုင်းခြုံဂိတ်ကို ဝင်ပြီးတော့ နောက်ကားတွေက သူတို့တို့ နဲ့ နီးတဲ့ ပခုက္ကူ စက်မှုဇုန်ဂိတ်ကို ပြန်ဝင်သွားတယ်ဗျ၊ ပြီးတော့မှ ကင်းပုန်းချပြီးမှ ပန်းတိုင်းခြုံဂိတ်ကို ထပ်လာတာ၊ ရှေ့က ထိသွားတဲ့ ၂ စီးက လူနာတွေကိုတော့ မြို့ထဲကနေ နာရေးကား ၃ စီးနဲ့လာခေါ် တယ်၊ စက်မှုဇုန်ဂိတ်ကို ပြန်ဝင်သွားတဲ့ ထောက်ပို့ကာတွေက ကင်းပုန်းချပြီးမှ ထပ်ထွက်လာတာ၊ နောက်တစ်ခေါက်ကင်းပုန်းယူပြီးထွက်မှပဲ ရေစကြိုအထိရောက်သွားတာပေါ့” ဟု Young Force – UG တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ရေစကြိုမြို့နယ်ပကဖနှင့် ပခုက္ကူမြို့နယ်ပကဖ တပ်ခွဲ ၂ တို့ပူးပေါင်းတိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #YoungForce–UG #BurmaRevolutionRangers #PPDF #စစ်တပ် #ပခုက္ကူမြို့နယ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article