25 C
Yangon

ဆားတောင်မြို့ ရဲစခန်းနှင့် ရွာသာကြီးရွာရှိ စစ်တပ် အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၃ ဦးသေဆုံး

Must read

ဆားတောင်မြို့ ရဲစခန်းနှင့် ရွာသာကြီးရွာရှိ စစ်တပ် အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၃ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၉

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင် စီတပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင် တပ်ရင်း ၁၅ Eagle Guerilla Force မှ ဗိုလ်ကောက်ရိုး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇန်နဝါရီလ ၁၉ ရက် မွန်းလွဲ ၁ နာရီ ၃၈ မိနစ်အချိန်က စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့ရှိ ရဲစခန်းကို Fixed Wings နည်းပညာ ဒရုန်းလေယာဉ်ဖြင့် ဗုံးသီး ၁၅ လုံးကျဲချတိုက်ခိုက်ခဲ့ရာ စစ် ကောင်စီတပ်သား ၃ ဦးနေရာမှာပင်ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

“သေတဲ့ စစ်ခွေးတွေကို အလောင်းမကောက်သေးဘူးလို့ သိရတယ်၊ စခန်းပေါက်ဝမှာက ၂ ကောင် သေတာ၊ အလောင်းတောင် ကောက်လို့မကောင်းဘူး၊ ဆေးရုံပေါက်က ထနှောင်းပင်အောက်မှာက ၁ ကောင်သေတယ်၊ စုစုပေါင်း ၃ ကောင်ပေါ့၊ စခန်းပေါက်ကခွေး ၂ ကောင်ကိုတော့ ဆူးကာတွေ ဖယ် ပြီး အလောင်းကောက်ဖို့ ပြင်နေတယ်လို့ မျက်မြင်တွေက သတင်းပို့ထားတယ်” ဟု ရွှေဘိုခရိုင် တပ် ရင်း ၁၅ Eagle Guerilla Force မှ ဗိုလ်ကောက်ရိုး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ရွှေဘိုခရိုင် တပ်ရင်း ၁၅ Eagle Guerilla Force မှ ဗိုလ်ကောက်ရိုး (ဗုံးသီး ထုတ်လုပ်ရေး)အဖွဲ့၊ ကြောင်လက်သည်း ၊ DFJ (Droo For Justic)၊ ဥပဒေတာဝန်ခံမီးတောက် အဖွဲ့၊ ဇင်ယော်နီ Local PDF နှင့် မဟာရွှေကျီး Local PDF အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

အလားတူ ဝက်လက်မြို့နယ်၊ ရွာသာကြီးရွာရှိ စစ်တပ်အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၇ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ရွှေဘိုခရိုင် တပ်ရင်း ၁၅ Eagle Guerilla Force မှ ဗိုလ်ကောက်ရိုး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇန်နဝါရီလ ၁၆ ရက် ညနေ ၄ နာရီ မိနစ် ၃၀ ခန့်က ဝက်လက်မြို့နယ်၊ ရွာသာကြီးရွာရှိ စစ်တပ် အထိုင်စခန်းကို Fixed Wings နည်းပညာ ဒရုန်းလေယာဉ်ဖြင့် ဗုံးသီး ၆ လုံးကျဲချတိုက်ခိုက်ခဲ့ရာ စစ် ကောင်စီတပ်သား ၇ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှု ရွှေဘိုခရိုင် တပ်ရင်း ၁၅ Eagle Guerilla Force မှ ဗိုလ်ကောက်ရိုး(ဗုံးသီး ထုတ် လုပ်ရေး)အဖွဲ့၊ ကြောင်လက်သည်း ၊ DFJ (Droo For Justic) နှင့် ဥပဒေတာဝန်ခံမီးတောက်အဖွဲ့ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #EagleGuerillaForce #FixedWings #DFJ(DrooForJustic) #LocalPDF #ဆားတောင်မြို့

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article