36 C
Yangon

ဒီပဲယင်းမြို့နယ်တွင် ပြည်သူ ၅ ဦးကို သတ်ဖြတ်ကာ ပြည်သူ ၁၀ ဦးကို ဖမ်းဆီး ထားသော စစ်တပ် စစ်ကြောင်း ရေဦးမြို့နယ်တွင် ထပ်မံ စစ်ကြောင်းထိုးနေ

Must read

ဒီပဲယင်းမြို့နယ်တွင် ပြည်သူ ၅ ဦးကို သတ်ဖြတ်ကာ ပြည်သူ ၁၀ ဦးကို ဖမ်းဆီး ထားသော စစ်တပ် စစ်ကြောင်း ရေဦးမြို့နယ်တွင် ထပ်မံ စစ်ကြောင်းထိုးနေ

ရန်ကုန်၊ ဇန်နဝါရီ ၂၀

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် ပြည်သူ ၅ ဦးကို သတ်ဖြတ်ကာ ပြည်သူ ၁၀ ဦးကို ဖမ်းဆီးထားသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရေဦးမြို့နယ် အတွင်းရောက်ရှိနေပြီး ထပ်မံ စစ်ကြောင်းထိုးနေကြောင်း ဒီပဲယင်းမြို့နယ် ညီနောင် များအဖွဲ့ တာဝန်ခံ ကိုကြီးဖြိုးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ဒီပဲယင်းမြို့နယ်၊ မဲအိုးကျေးရွာမှ ဓားစာခံ အဖြစ် ဖမ်းဆီးထားသော ပြည်သူ ၁၀ ဦးကို လူသားဒိုင်း အဖြစ် ခေါ်ဆောင်လာပြီး ရေဦးမြို့နယ်၊ မုတ်စီကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ဖမ်းဆီးထားသော ပြည်သူ ၁၀ ဦးမှာ မဲအိုးကျေးရွာသားများဖြစ်ပြီး မဝေခင် ၊ အောင်မျိုး ၊ မခင်ဆန်းလွင် ၊ ဇွဲထက်နိုင် ၊ စိုးထွန်း ၊ လင်းထင် ၊ မလေးတင် ၊ စိုးမင်းပိုင် ၊ ရဲလင်းနိုင် နှင့် ဒေါ်တင် တို့ဖြစ်​ကြောင်း သိရှိရသည်။

ထို့ပြင် မဲအိုးကျေးရွာမှ ပြည်သူ ၅ ဦးဖြစ်သည့် မခင်နှင်းဌေး ၊ ကိုဇော်ဝင်း ၊ ကိုထွန်း ၊ ကိုအောင်မြင့်ကျော်(ခ)ကိုကုလား နှင့် ကိုဇင်မင်းညွန့် (ခ) တာပု တို့ကိုလည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက သတ်ဖြတ်ခဲ့​ကြောင်း သိရသည်။

“ဒီပဲယင်းမြို့နယ်၊ မဲအိုးကျေးရွာက ဓားစာခံဖမ်းဆီးထားသောပြည်သူတွေကို ခေါ်ဆောင်ပြီး အကြမ်းဖက် စစ်ခွေးတွေ ရေဦးမြို့နယ် မုတ်စီကျေးရွာကို ဝင်ရောက်စီးနင်းနေတယ်” ဟု ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ တာဝန်ခံ ကိုကြီးဖြိုးကပြောဆိုသည်။

#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #ဒီပဲယင်းမြို့နယ် #ရေဦးမြို့နယ် #ပြည်သူ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article