29 C
Yangon

မုံရွာမြို့ပေါ်တွင် လက်ဖက်ရည်ဆိုင်ထိုင်နေသည့် ဒုရဲအုပ်ကျော်ဇင်ဦး ပစ် ခတ်ခံရပြီးသေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၃

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စစ်မှု ၁ ၊ အေးရိပ်သာလမ်းဘေး လက်ဖက်ရည်ဆိုင် တစ်ဆိုင်တွင် လက် ဖက်ရည်ထွက်သောနေသော အမှတ် ၂ ရဲစခန်း မှ ဒုရဲအုပ် တစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံး သွားကြောင်း မုံရွာခရိုင် အမှတ် ၂၂ နတ်ဆိုး တပ်ရင်းမှ တပ်ရင်းမှူးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက် ၈ နာရီ ၄၁ မိနစ်တွင် အမှတ် ၂ ရဲစခန်းမှ ဒုရဲ အုပ် ကျော်ဇင်ဦးသည် ၎င်း၏ ဇနီး ဖြစ်သူနှင့်အတူ ရဲစခန်းတောင်ဘက်၊ အေး ရိပ် သာလမ်းဘေး၊ လက်ဖက်ရည်ဆိုင်တစ်ဆိုင်၌ လက်ဖက်ရည်သောက် နေ စဉ် ပြည်သူ့ကာကွယ်ရေးရဲဘော်များက လက်ဖက်ရည်ဆိုင် အတွင်း ဝင် ရောက် ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင်ပွဲချင်းပြီးသေဆုံးသွားကြောင်း၊ ဒုရဲအုပ် ၏ ဇနီးဖြစ်သူမှာ ကိုယ်ဝန်ဆောင်ထားသူဖြစ်သဖြင့် ပစ်ခတ် ခဲ့ခြင်း မရှိကြောင်း သိရသည်။

“အမှတ် ၂ ရဲစခန်းရဲ့တောင်နားလေးကျမှာပေါ့၊ ဧည့်ရိပ်သာလမ်းဘေးက လက် ဖက်ရည်ဆိုင် တစ် ဆိုင်မှာ ပစ်ခတ်ခဲ့တာ၊ လင်မယားနှစ်ယောက် လက်ဖက် ရည်သောက်နေတုန်း ပစ်ခတ်ခဲ့တာ၊ သူ့မိန်း မကတော့ ကိုယ်ဝန်နဲ့မို့ မပစ်ခတ် ခဲ့ဘူးဗျ၊ လက်နက်ပါမပါတော့ မသိဘူး၊ အရပ်ဝတ်နဲ့ပဲထွက် လာတာ၊ သူ့မိန်းမ ကို မပစ်ခတ်ခဲ့တာရယ်၊ ပြီးတော့ ဆိုင်ထဲမှာလည်း လူတွေက ရှုပ်နေတော့ ရှာဖွေ တာတွေမလုပ်ခဲ့ရဘူး၊ ပစ်ခတ်ပြီးအေးအေးဆေးဆေးဆုတ်နိုင်ခဲ့ပါတယ်၊ ခဏနေတော့ ကားလေးငါး စီး လောက်နဲ့ အဲနားကိုလားပြီးတော့ ရှင်းလင်း မှုတွေ လုပ်တယ်၊” မုံရွာခရိုင် အမှတ် ၂၂ နတ်ဆိုး တပ် ရင်းမှ တပ်ရင်းမှူးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

အဆိုပါ ပစ်ခတ်ရှင်းလင်းမှုကို မုံရွာခရိုင် အမှတ် ၂၂ နတ်ဆိုးတပ်ရင်း၊ မုံရွာခရိုင် အမှတ် ၂၃ တပ်ရင်း နှင့် မုံရွာခရိုင် အမှတ် ၁ တပ်ရင်းတို့ ပူးပေါင်းကာ ရှင်းလင်း ခဲ့ ခြင်း ဖြစ်ကြောင်း သိရသည်။

(ဒုရဲအုပ်ကို ပစ်ခတ်သည့် ဗီဒီယိုကို ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်တွင် ကြည့်ရှုနိုင်ပါသည်။)

#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #မုံရွာမြို့

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article