32 C
Yangon

တရုတ်နိုင်ငံက ကြားဝင်ညှိနှိုင်းပေးထားသည့် အပစ်ရပ်ရေးသဘောတူညီမှု ကျိုးပျက်စေရန် စစ်ကောင်စီက တမင် ရန်စနေဟု ညီနောင်မဟာမိတ် ၃ ဖွဲ့ပြောဆို

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၃

တရုတ်နိုင်ငံက ကြားဝင်ညှိနှိုင်းပေးထားသည့် အပစ်ရပ်ရေးသဘောတူညီမှု ကျိုးပျက်စေရန် စစ်ကောင်စီက တမင်တကာရန်စနေကြောင်း ညီနောင် မဟာ မိတ် ၃ ဖွဲ့က တရားဝင်သတင်းထုတ်ပြန်သည်။

ဇန်နဝါရီလ ၂၂ ရက်နေ့ ထုတ်ပြန်သော ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ထုတ်ပြန် ချက်တွင် စစ်ကောင်စီသည် ဟိုင်ဂင်သဘောတူညီမှုများကို ကျိုးပျက်စေလို သောကြောင့် ရည်ရွယ်ချက်ရှိရှိဖြင့် တမင်တကာ ရန်စမှုများကို ပြုလုပ်နေသော် လည်း ညီနောင် ၃ ဖွဲ့အနေဖြင့် သည်းခံနေ၍သာ တိုက်ပွဲများ ကျယ်ပြန့် မသွား ခြင်း ပင်ဖြစ်ကြောင်း၊ ရှမ်းမြောက်ဒေသ၌မူ ညီနောင်မဟာမိတ် ၃ ဖွဲ့က စတင် ထိုးစစ်ဆင်ခြင်းများ မရှိခဲ့သော်လည်း စစ်ကောင်စီသည် လေကြောင်းမှ တစ် ဆင့် လာရောက်တိုက်ခိုက်ခြင်းများအပြင် မြေပြင်မှလည်း အလစ်အငိုက် ထိုး စစ် များကိုပါ ပြုလုပ်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲများသည် တအာင်း ဒေသ အတွင်း ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ထို့အတူ ရက္ခိုင်ဒေသ၌ စစ်ကောင်စီ၏ ထပ်မံဖြည့်တင်းလာသည့် စစ်အင် အားများ နှင့် ရက္ခိုင့်တပ်တော် (AA) တို့အ ကြား တိုက်ပွဲများ ပြင်းထန်လျက် ရှိသ ကဲ့ သို ရက္ခိုင့်တပ်တော်၏ မဟာဗျူဟာကျစစ်ရေးလှုပ်ရှားရာ စစ်ကိုင်း တိုင်း တွင်လည်း တိုက်ပွဲများ ရှိနေခဲ့ကြောင်း ညီနောင် ၃ ဖွဲ့က ပြောဆိုသည်။

ယမန်နေ့၊ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်အချိန်ခန့်တွင် မိုးကုတ်မြို့နယ်ရှိ စစ်ကောင် စီ တပ်က တအာင်းတပ်မတော် (TNLA) ရှိရာ မိုးကုတ်နှင့် မိုးမိတ်ကြား ၉ မိုင်နှင့် လွယ်ဆာကုန်ကျေးရွာအနီးတစ်ဝိုက်သို ဂျက်ဖိုက်တာဖြင့် ၁ ကြိမ်နှင့် ATR-42 လေယာဉ်ဖြင့် ၁ ကြိမ် လာရောက်၍ ဗုံး ၁၀ လုံးတိတိ ပစ်ချတိုက် ခိုက်ခဲ့ ကြောင်း ၊ ဇန်နဝါရိလ ၂၁ ရက်နေ့ကလည်း တအာင်းတပ်မတော် (TNLA) ရှိရာ မိုးကုတ်နှင့် မိုးမိတ်အကြား ၈ မိုင်သို စစ်ကောင်စီဘက်မှ “ဟိုင်ဂင်သဘောတူညီမှု” ကို ချိုးဖောက်၍ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သဖြင့် နှစ်ဖက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါတိုက်ပွဲအတွင်း စစ်တပ်၏ လက်နက် ၄ လက်ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

ယမန်နေ့တွင် ရက္ခိုင်ပြည်၊ ကျောက်ဖြူမြိုနယ်ရှိ စစ်ကောင်စီ၏ “ဓညဝတီ ရေတပ် ဌာနချုပ်စခန်း” အား ရက္ခိုင့်တပ်တော် (AA) မှ ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း၊ အထိအခိုက်အကျအဆုံးအရေအတွက်များနှင့် အပျက်အစီးများကို လောလောဆယ် မသိရသေးကြောင်း၊ ရက္ခိုင်ပြည်၊ ပေါက်တော၊ မြောက်ဦး၊ မင်းပြားနှင့် ရသေ့တောင်မြိုနယ်များတွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတိုကြား တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်လျက်ရှိပြီး စစ်ရေးအရှိန်မြင့်တက်လျက်ရှိကြောင်း သိရှိရသည်။

အောင်ပွဲရရှိမှုအနေဖြင့် ရက္ခိုင့်တပ်တော် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အပါအဝင် ဒေသခံပူးပေါင်းတပ်များ၏ ဟန်ချက်ညီထိုးစစ်ဆင် တိုက် ခိုက် မှုမျိုးကို ရှမ်းမြောက်ရှိ မိုးမိတ်မြိုနှင့် ထိစပ်နေသည့်”မဘိမ်းမြို့” တွင်ဖော် ဆောင်နိုင်ခဲ့ကြောင်း၊ မဘိမ်းမြိုရှိ စစ်ကောင်စီတပ်စခန်းများကို စုပေါင်း အဖွဲ့က အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီး မဘိမ်းမြို့ကို ဇန်နဝါရီလ၂၁ ရက်နေ့မှစတင်၍ အလုံးစုံထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။

အလားတူပင် စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို၌လည်း ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ရက္ခိုင့်တပ်တော်တို သည် ထီးချိုင့်ပတ်ဝန်းကျင်ရှိ ဒေသခံကာကွယ်ရေးတပ်များနှင့် ပူးတွဲစစ်ဆင်ရေးကို အတူတကွစုပေါင်းပြီး ဟန်ချက်ညီ ထိုးစစ်အား ဆင်နွှဲလျက်ရှိနေကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရခိုင်တပ်တော် AA က စစ်ကောင်စီတပ်၏ တင့်ကားနှင့်သံချပ်ကာ ကား များကို ရရှိသိမ်းပိုက်ထားစဉ်။

#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #KIA #AA #TNLA #ATR-42

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article