29 C
Yangon

ဆီဆိုင်မြို့နယ်၊ နောင်ထော်ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲပြီးနောက် စစ်ကောင်စီတပ်နှင့် PNO စခန်း ၄ ခုကို သိမ်းပိုက်ရရှိ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့နယ်၊ နောင်ထော်ရွာကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲပြီးနောက် ကျေးရွာအနီးရှိ စစ်တပ်နှင့် လက်အောက်ခံ PNO စစ်စခန်း ၄ ခုကို PNLA နှင့် မဟာမိတ် ပူးပေါင်း တပ်ဖွဲ့ များက သိမ်းပိုက်ရရှိကြောင်း ဒေသပြည်သူများနှင့် စစ်ရေး သတင်း ရင်းမြစ် များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ​ပြောဆိုသည်။

ဇန်နဝါရီလ ၂၂ ရက်နေ့ ညပိုင်းတွင် ဆီဆိုင်မြို့နယ်၊ နောင်ထော်ကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုကခဲ့ကြောင်း၊ ယနေ့ နံနက်ပိုင်းတွင် နောင်ထော်ရွာ အရှေ့ဘက်ရှိ အကြမ်းဖက် စစ်တပ် စခန်း၊ နောင်ထော်ရွာ တောင်ဘက်ရှိ စစ်တပ်နှင့် လက်အောက်ခံPNO ပြည်သူ့စစ်စခန်းတို့ကို PNLA နှင့် မဟာမိတ် KNDF ၊ SSPP တို့က ပူးပေါင်း သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

“ဒေသခံတွေ ပြောတာကတော့ စခန်း ၄ လုံး သိမ်းလိုက်ပြီလို့တော့ သိရတယ်။ မနေ့ညကတည်းက စကစနဲ့ စကစလက်အောက်ခံ PNO ပြည်သူစစ်တွေက သူတို့စခန်းကို သူတို့မီးရှို့ပြီး ထွက်ပြေးသွားတာတဲ့။ တိုက်ပွဲတော့မဖြစ်သေး ပေ မယ့် စစ်ရေးကတော့ တင်းမာနေတယ်” ဟု ဒေသစစ်ရေးသတင်းမြစ်က ပြောဆို သည်။

Photo – နောင်ထော်ဈေးသို့ ရောက်ရှိနေသည့် PNLA နှင့် မဟာမိတ် တပ်ဖွဲ့ များ။

#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #PNLA #KNDF #SSPP #PNO

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article