34 C
Yangon

ငါန်းဇွန်မြို့နယ်၊ သားကြင်ရွာနှင့် ပခုက္ကူမြို့နယ်၊ အရှေ့ဘုန်းကံရွာရှိ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၃

မန္တလေးတိုင်း ၊ ငါန်းဇွန်မြို့နယ် သားကြင်ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ငါးဇွန်မြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖမှတာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇန်နဝါရီလ ၁၉ ရက် ညနေ ၃ နာရီဝန်းကျင်တွင် ငါးဇွန်မြို့နယ်၊ သားကြင်ရွာ၌ တပ်စွဲထားသော စစ် ကောင်စီတပ်သားများကို ဒရုန်း၊ Fixed Wings ဒရုန်းလေယာဉ်တို့ဖြင့် ဗုံးသီး ၄ လုံး ကျချတိုက်ခိုက်ခဲ့ ရာ ပစ်မှတ်ကို တိကျစွာ ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိ သော်လည်း အတိအကျသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“သားကြင်ရွာက စစ်ခွေးတွေ အထိုင်ချထားတဲ့ရွာကြီးပါ၊ သားကြင်၊ ငါန်းမြာ၊ နတ်ကြီး ဆိုတဲ့ရွာတွေ မှာ ခွေးတွေအထိုင်ချထားတယ်၊ ထိခိုက်မှုတော့ရှိပါတယ်၊ အတိအကျ မသိရတာပါ၊” ဟု ငါးဇွန်မြို့ နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပကဖ မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ငါန်းဇွန်ပကဖ ဇာမဏီပြောက် ကျား တပ်ဖွဲ့များနှင့် အတူ မန္တလေးခရိုင်တပ်ရင်း ၅ ၊ မြင်းခြံခရိုင်တပ်ရင်း ၁ ၊ တပ်ခွဲ ၁ ဧရာဝတီ မင်း သားပြောက်ကျားတပ်ဖွဲ့၊ HYTRA FORCE PDF ၊ ငါန်းဇွန်ပကဖ အဖွဲ့ဝင်များဖြစ်သော ရွှေဂျိုးဖြူ ပျောက်ကျားအဖွဲ့၊ 925 ပျောက်ကျားအဖွဲ့၊ TGYR ပျောက်ကျားအဖွဲ့၊ ဒေါင်းဖိုက်တာပျောက်ကျား အဖွဲ့၊ ပြည်တော်ဝင်ပျောက်ကျားအဖွဲ့၊ လက်ရုံးပျောက်ကျားအဖွဲ့၊ ငန်းနက် ပျောက်ကျားအဖွဲ့ နှင့် အားမာန်သစ်ပျောက်ကျားအဖွဲ့ တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ငါးဇွန်မြို့နယ်ပြည့်သူ့ကာကွယ်ရေးအဖွဲ့ – ငါန်းဇွန်ပကဖ အနေဖြင့် အောင်ပန်းဝေဝေ ငါန်းဇွန်မြေ ကမ်ပိန်းပြုလုပ်နေပြီး ကမ်ပိန်းမအောင်မြင်စေရန် နည်းမျိုးစုံဖြင့် နှောက်မှုများရှိကြောင်း၊ ထိုသို့ နှောက်အယှက်များကို လုံးဝအလေးမထားပဲ ပြည်တွင်း၊ ပြည်ပရှိ မိဘပြည်သူများ၏ စည်းလုံး ညီ ညွတ်မှုဖြင့် ကျော်ဖြတ်သွားမည်ဖြစ်ပြီး မိဘပြည်သူများအနေဖြင့် အစွမ်းကုန် ပူးပေါင်းပါဝင်ကူညီ ပေးပါကြပါ ရန် မေတ္တာရပ်ခံပါကြောင်း ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ငါန်းဇွန်ပက ဖ မှ တာဝန်ရှိသူတစ်ဦးက မေတ္တာရပ်ခံထားသည်။

အလားတူ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အရှေ့ဘုန်းကံကျေးရွာစစ်ကောင်စီတပ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက် ခိုက်ခဲ့ကြောင်း Super Fighter PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။

ဇန်နဝါရီလ ၂၁ ရက်နေ့က ပခုက္ကူမြို့နယ်၊ အရှေ့ဘုန်းကံကျေးရွာ၌ အခြေချတပ်စွဲထားသော စစ် ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ပြင်းအားမြင့် ဗုံးသီး ၉ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦးအပြင်းအထန်ဒဏ်ရာရရှိပြီး ၃ ဦးမစိုးရိမ်ရ ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။

“ပစ္စည်းလိုအပ်ချက်အရ ဗုံးသီး ၉ လုံးပဲ ဆော်ခဲ့ရတယ်၊ ဆီးခုံထိတဲ့နှစ်ယောက်ကတော့ စိုးရိမ်ရတယ်၊ ကျန်တဲ့ ၃ ယောက်က ဒဏ်ရာလောက်ပဲရကြတာ၊ ဒဏ်ရာရတဲ့သူတွေကို ပခုက္ကူဆေးရုံကို ပို့လိုက် တယ်” ဟု Super Fighter PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Super Fighter PDF (ရေစကြို) ၊ ရေစကြိုမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)၊ Borderless People Defence Force ၊ ညောင်ဦးခရိုင်အမှတ် ၅ တပ်ရင်း၊ တောဒေါင်းနီ ပြောက်ကျားတပ်ဖွဲ့၊ ညောင်ဦးခရိုင် အမှတ် ၅ တပ်ရင်း တပ်ခွဲ ၂ ရဲဘော် ညီနောင်ပြောက်ကျား တပ် ဖွဲ့၊ ပခုက္ကူမြို့နယ် ပကဖ တပ်ခွဲ ၁ ၊ ပြည်သူ့အားမာန်တပ်ဖွဲ့၊ Special Task Force နှင့် ဒေါင်းညီ နောင် တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #SpecialTaskForce #SuperFighterPDF #BorderlessPeopleDefenceForce #HYTRAFORCEPDF #925 #TGYR

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article