ရန်ကုန်၊ ဇန်နဝါရီ ၂၄
အကြမ်းဖက်စစ်ကောင်စီက စစ်တက္ကသိုလ်များ အခြေစိုက် ပြင်ဦးလွင်တွင် ဗိုလ်မှူးကြီးအဆင့် အရာရှိကြီးများ ဦးဆောင်သော ဗျူဟာတပ်ရင်းများ ထပ်မံ ဖွဲ့စည်းခိုင်းနေပြီး ဗျူဟာတပ်ရင်းတစ်ခုလျှင် စစ်အင်အား ၂၀၀ သတ်မှတ် ထားသော်လည်း မပြည့်မီ ဖြစ်နေကြောင်း စစ်တပ်သတင်းရင်းမြစ်က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ပြင်ဦးလွင်အထိပါ သိမ်းယူမည်ဟု ကြေညာပြော ဆိုမှုများရှိလာချိန်တွင် စစ်ကောင်စီက ဗိုလ်မှူးကြီး အဆင့် အရာရှိကြီးများကို ဗျူဟာတပ်ရင်းများ ဖွဲ့စည်းခိုင်းထားကြောင်း၊ ဗျူဟာတပ်ရင်းတစ်ခုလျှင် စစ်အင်အား ၂၀၀ သတ်မှတ်ထားပြီး အင်အား မပြည့် ပြည့်အောင် ဖွဲ့စည်းကြ ရန် ညွှန်ကြားလာကြောင်း၊ သို့ရာတွင် နေ့စဉ် အနည်းဆုံး တပ်သား ၅ ဦးမှ စတင်၍ ထွက်ပြေးနေကြသဖြင့် ဗျူဟာတပ်ရင်းများတွင် စစ်အင်အား မပြည့် ဖြစ်နေကြောင်း သိရှိရသည်။
“ပြင်ဦးလွင်မှာ ဗိုလ်မှူးကြီး အဆင့်တွေကို ဗျူဟာ အဆင့် ရင်းတွေ ဖွဲ့စည်း ခိုင်းတယ်။ အဲဒီမှာ အယောက် ၂၀၀ သတ်မှတ်ပြီး ဖွဲ့ကြရတယ်။ ပြသနာ က ဘာလဲ ဆိုတော့။ တပ်တော့ ဖွဲ့တယ် ။ ၂၀၀ ပြည့်တယ်။ အဲဒီအထဲကနေမှ နေ့စဥ် ၃ယောက် ကနေ ၅ယောက် ထိ တပ်က ထွက်ပြေးနေကြတယ်။ ဗျူဟာ အရ အင်အား၂၀၀ ပြည့်အောင်ဖြည့်လိုက် ပြေးလိုက် နဲ့ ပဲ လုံးချာ ရိုက်နေတာ။ တပ်ထဲ က ပြန်စရာ အိမ်မရှိသူတွေပဲ ကျန်တယ်။ တချို့က ပြန်ပြီး ရပ်ကွက်ထဲ မနေရဲလို့ဆက်နေရတယ်။ အချို့ကျလည်းလူကြီး နဲ့ ပိုင်သူတွေကလည်း နေ ပြည် တော်ပြောင်းပြေးကြတယ်။ မပိုင်သူတွေက တော့ အသေခံ နေမလား ပြေးမလားပဲ ရွေးစရာမရှိဘူး” ဟု စစ်တပ်သတင်းရင်းမြစ်ရှင်းပြသည်။
လက်ရှိတွင် ဗျူဟာတပ်ရင်းများတွင် အရာရှိနှင့်စစ်သည်များ၏ ဇနီးမယားများ ကိုယ်တိုင် ဗုံးခိုကျင်း တူးခိုင်းထားပြီး အလှည့်ကျ ကင်းစောင့်ခိုင်းခြင်း၊ လက် နက် ငယ်ပစ်ခတ်မှု သင်တန်းများ ပေးခြင်းများလည်း စစ်ကောင်စီက လုပ် ဆောင် နေကြောင်းသိရှိရသည်။
“အရာရှိနဲ့ စစ်သည် အမျိုးသမီးတွေ ဆို ကိုယ့် ဗုံးခိုကျင်းကိုယ်တူး နေရတယ်။ ဗျူဟာတွေမှာ အင်အား ၂၀၀ က နေပြည်တော်က ဖြည့်ခိုင်းတာ။ သေတာ နဲ့ပြေးတာ နဲ့ မို့ မပြည့်ဘူး။ လုံးချာလည်ချာလိုက်နေတာ။ နောက်ပြီး တပ်ဘက် က စစ်သားသေရင်လည်း ရက်လည် တောင်မပြီးသေးဘူး။ လိုင်းခန်းကနေ ကျန်ရစ်သူမိသားစုကို တန်းနှင်တာ။ လက်နက်ချ အလင်း ဝင်မယ့်သူတွေ မတွေ ဝေစေချင်ဘူး” ဟု စစ်ဘက်သတင်းရင်းမြစ်က အခြေအနေကို ရှင်းလင်း ပြောဆိုသည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်မတော်နေ့ တက်ရောက် မှု မြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်။)
#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution