25 C
Yangon

ကလေးမြို့တွင် အသက် ၁၉ နှစ်အရွယ် ချင်းတိုင်းရင်းသား လူငယ်တစ်ဦးကို စစ်တပ်က သတ်ဖြတ်ပြီး အလောင်းကို မီးရှို့ ဖျောက်ဖျက်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၄

စစ်ကိုင်းတိုင်း၊ကလေးမြို့နယ် မြောက်ပိုင်း ပြည်တော်သာကျေးရွာမှ ချင်းလူငယ် တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးပြီးနောက် သတ်ဖြတ် ကာ ရုပ်အလောင်းကို မီးရှို့ဖျောက်ဖျက်လိုက်တယ်လို့သိရပါတယ်။

ဖမ်းဆီးသတ်ဖြတ်ခံရသူဟာ အသက် ၁၉ နှစ်အရွယ် မောင်ပေါင်လျန်းတွောင် ဖြစ်ပြီး ဇန်နဝါရီလ ၁၄ ရက်နေ့က ပြည်တော်သာကနေ ကလေးမြို့ကိုအသွား မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့တာဖြစ်တယ်လို့သိရတယ်။

” ပြည်တော်သာဘက်ကနေလာရင် ကလေးမြို့အဝင်မှာ ဂိတ်ရှိတယ်။ ဖမ်းတာ တော့ လမ်းမှာပဲအဖမ်းခံရတာလို့ သိရတယ်။ သူတို့က နယ်ကဟာတွေဆို အငြိုးထားတယ်” လို့ ကလေးမြို့ဒေသခံ အမျိုးသားတစ်ဦးကပြောပါတယ်။

ဖမ်းဆီးသတ်ဖြတ်ခံရသူ မောင်ပေါင်လျန်းတွောင်ရဲ့ မိသားစုက ဇန်နဝါရီလ ၂၂ ရက်နေ့မှာ မောင်ပေါင်လျန်းတွောင်ရဲ့ ရုပ်အလောင်းကို စစ်တပ်ထံတောင်းခံရာ မှာ စစ်တပ်က အလောင်းမရှိတော့ကြောင်း မီးရှို့ဖျက်ဆီးလိုက်ပြီ ဖြစ် ကြောင်း ပြော လွှတ်လိုက်ကြတယ်လို့ နီးစပ်သူတွေဆီကသိရပါတယ်။

(မျက်မှောက်ခေတ်သစ်သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article