28 C
Yangon

ကရင်နီပြည်တွင် ပြည်နယ်တရားသူကြီးချုပ်နှင့် တရားသူကြီး ၁ ဦးကို ကြားကာလအုပ်ချုပ်ရေး ကောင်စီက တရားဝင်ခန့်အပ်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၄

ကရင်နီပြည်တွင် ပထမဆုံးဦးသော ပြည်နယ်တရားသူကြီးချုပ်နှင့် တရားသူကြီး ၁ ဦးကို ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီက တရားဝင်ခန့်အပ်လိုက်ကြောင်း ယနေ့ ထုတ်ပြန် ကြေညာသည်။

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီက အမိန့်အမှတ် ၁ နှင့် အမိန့်မှတ် ၂ တို့ကို ထုတ်ပြန်၍ ထိုသို့ ခန့်အပ်ခြင်းဖြစ်ပြီး ကရင်နီပြည်၏ ကြားကာလ အစီအမံ အခန်း (၈)၊ အပိုဒ် (၆၃) ပိုဒ်ခွဲ (ဂ) နှင့် ကရင်နီပြည်နယ် ကြားကာလတရားစီရင်ရေးဉပဒေ ပုဒ်မ (၇)၊ အပိုဒ်ခွဲ (ဃ) တို့အရ ခူးပိုးရယ်ကို ကရင်နီပြည်နယ် တရား ရုံးချုပ်၏ ပြည်နယ်တရားသူကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးကြောင်း သိရှိရသည်။

ထို့ပြင် ခွန်းမားရ်ကို ကိုလည်း ကရင်နီပြည်နယ် တရား ရုံးချုပ်၏ ပြည်နယ်တရားသူကြီးအဖြစ် ခန့်အပ်တာဝန်ပေးလိုက်ကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ကြေညာသည်။

#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article