ရန်ကုန်၊ ဇန်နဝါရီ ၂၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ရှိ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်းများ ဖြစ်ကြသည့် ခမရ ၄၂၃ ၊ ၄၂၄ တပ်ရင်းများကို PNLA တပ်များနှင့် မဟာမိတ် တပ် များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး သိမ်းပိုက်ရရှိထားသော တပ်ရင်းများ၊ ရဲစခန်း၊ ဌာနဆိုင်ရာ ရုံးများအားလုံးတွင် ပအိုဝ်းအလံတော်များ လွှင့်ထူထား ကြောင်း ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။
ဇန်နဝါရီလ ၂၄ ရက်နေ့ မွန်းလွဲပိုင်းမှစတင်၍ ဆီဆိုင်မြို့ပေါ်တွင် အပြန်အလှန် ပစ်ခတ်မှု များဖြစ် ပွား ခဲ့ ပြီး နောက် PNLA နှင့်မဟာမိတ်တပ်များက ဆီဆိုင် မြို့ နယ်ရှိ ခမရ ၄၂၃ တပ်၊ ခမရ ၄၂၄ တပ်များ၊ ရဲစခန်း၊ ဌာနဆိုင်ရာရုံးများကို သိမ်းပိုက်ပြီး ပအိုဝ်း အလံများ လွှင့်ထူထားကြောင်း သိရှိရသည်။
“တပ်တွေနဲ့ ရဲစခန်းတော့ သိမ်းလိုက်ပြီ။ မြို့သိမ်းလို့တော့ ပြောလို့မရသေးဘူး။ စစ်ခွေးတွေဘက်ကလည်း လေယာဉ် ပစ်ကူ၊ လက်နက်ကြီးပစ်ကူနဲ့ ခုခံနေ တယ်။ မနေ့ကနေ ဒီနေ့အထိ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံး ၁၂ ကြိမ် လာ ကျဲသွားတယ်” ဟု ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။
လက်ရှိသတင်းရေးသားနေချိန်အထိ ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီက စစ်ကူ များအင်အားဖြည့်ကာ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရှိရ သည်။
#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #PNLA