26 C
Yangon

ဝမ်းတွင်းမြို့နယ်၊ နဘဲကန်ရွာတွင် ပြည်သူများကို ပျူစောထီး သင်တန်း အတင်း အဓမ္မ တက်ရောက်ခိုင်းပြီး ငွေကြေး တောင်းခံနေသည့် ကျေးရွာ အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၅

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ နဘဲကန်ရွာတွင် ပြည်သူများကို ပျူစောထီး သင်တန်း အတင်း အဓမ္မ တက်ရောက်ခိုင်းပြီး ငွေကြေး တောင်းခံနေသည့် ကျေးရွာ အုပ်ချုပ်ရေးမှူးကို ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Wundwin Township Revolution Force မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် ဝမ်းတွင်းမြို့နယ်၊ နဘဲကန်ကျေးရွာ အုပ်ချုပ်ရေးမှူး ကျော်ရှိန်ကို Wundwin Township Revolution Force အဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ပစ်ခတ်ခံရသော နဘဲကန်ကျေးရွာ အုပ်ချုပ်ရေးမှူး ကျော်ရှိန်သည် ကျေးရွာနေ ပြည်သူလူထုများကို အဓမ္မငွေကြေးတောင်းခံ နှိပ်စက်မှုများပြုလုပ်နေခြင်း၊ ကျေးရွာပြည်သူများ မတက်ရောက်ချင်သော ပျူစောထီးသင်တန်းများကို အတင်း အဓမ္မ တက်ရောက်ခိုင်းခြင်း၊ ပြည်သူများ စီးပွားရေး ကျပ်တည်းနေချိန်တွင် လျှပ်စစ်သွယ်တန်းကြေးများ ကောက်ခံခြင်းတို့ လုပ်ဆောင်နေသူ ဖြစ်ကြောင်း သိရှိရသည်။

“နဘဲကန်အုပ်ကြီးက နဘဲကန်ရွာထဲ တစ်ယောက်တည်းဆိုင်ကယ်မောင်းနေချိန် ဝင်ပစ်တာ ၂ ချက်နောက်ကျောကိုပစ်လိုက်တော့ သူ့ဆိုင်ကယ် ယိုင်ပြီး ရှေ့က နွားကိုဝင်တိုက်လဲ သွားတဲ့အချိန် နောက်တစ်ချက် ထပ်ပစ်ခဲ့တယ်။ သေမသေ မသိရဘူး။ လက်ရှိတော့ စစ်ခွေးတွေက ဆေးရုံကို သယ်သွားပြီး ကုနေတယ်ပဲသိရတယ်” ဟု Wundwin Township Revolution Force မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #WundwinTownshipRevolutionForce

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article