ရန်ကုန်၊ ဇန်နဝါရီ ၂၅
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မြင်းခြံ-မြို့သာလမ်းမပေါ်တွင် မင်းနေကုန်း ရဲစခန်း သို့ ပြန်လာသည့် ရဲ ၃ ဦးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ ၃ ဦးလုံး သေဆုံး သွားကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့(မြင်းခြံ) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်တွင် မြင်းခြံ မြို့နယ်၊ မန္တလေး- မြင်းခြံ လမ်းမပေါ် နဘူးအိုင်နှင့်မြို့သာကြား တနေရာ၌ နဘူးအိုင်ရွာရှိ ဘီယာဆိုင်မှ မင်းနေကုန်းရဲစခန်းသို့ ဆိုင်ကယ် တစ်စီးဖြင့် ပြန်လာသော ရဲ ၃ ဦးကို ရဲစခန်းအနီး ကိုက် ၃၀၀ အကွာအဝေး နေရာ၌ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ နေရာမှာပင်ပွဲချင်းပြီး သေဆုံး သွားကြောင်း သိရသည်။
“နဘူးအိုင်နဲ့ မြို့သာကြားမှာ မင်းနေကုန်းရဲကင်းစခန်းဆိုတာရှိတယ်၊ အဲဒီ ရဲစခန်း ထဲက ရဲတွေ ဘီယာ ဆိုင်ကိုသွားတာပေါ့၊ ဘီယာဆိုင်က ပြန်လာတာကို ကျနော် တို့ကြားဖြတ်တိုက်ခိုက်လိုက်တာ၊ ဆိုင် ကယ်တစ်စီးထဲတင် ရဲခွေး ၃ ကောင်ပူးပြန်လာတာ၊ ၃ ကောင်လုံးသေတယ်၊ လက်နက်ပါမပါ တော့ မသိဘူး၊ ရဲစခန်းနဲ့ ကလည်း ကိုက် ၃၀၀ လောက်ပဲဝေးတာဆိုတော့ လမ်းပေါ်အထိ တက် ပြီး သွားမစစ် ဆေးခဲ့ဘူး၊ ဆိုင်ကယ်ကလည်း ချေက်ထဲပြုတ်ကျသွား တာလေ” ဟု နဂါးနီပြောက်ကျား တပ်ဖွဲ့(မြင်း ခြံ) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို နဂါးနီပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) တပ်ဖွဲ့ဝင်များက ပစ်ခတ်ရှင်းလင်းခဲ့ခြင်း ဖြစ်ပြီး ဒုရဲအုပ်ကျော်ကျော်စန်းအပါအဝင် ၃ ဦးစလုံး သေဆုံးသွားကြောင်း သိရသည်။
#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution