26 C
Yangon

PDF များကို တိုက်ခိုက်ရေး ဒရုန်းဝယ်ယူရန် ရေနံချောင်းမြို့မရဲစခန်းက ပြည်သူများထံ ငွေကြေး ခြိမ်းခြောက်တောင်း

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၆

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ မြို့မရဲစခန်းက PDF များကို တိုက်ခိုက်နိုင် ရေးအတွက် ဒရုန်းဝယ်ယူရန် ပြည်သူများထံမှ ငွေကြေးခြိမ်းခြောက်တောင်း ခံနေကြောင်း မြို့နေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဇန်နဝါရီလ ၂၅ ရက်နေ့တွင် မကွေးမြို့မရဲစခန်းက ရေနံချောင်းမြို့ပေါ်ရှိ ပစ္စည်းအဟောင်းရောင်းဝယ်ရေးသမားများကို အစည်းအဝေးတစ်ရပ်ခေါ်ယူပြီး PDF တပ်များကို တိုက်ခိုက်ရန်အတွက် ဒရုန်းဝယ်ယူမည်ဖြစ်ကြောင်း၊ ထို့ ကြောင့် ဒရုန်းဝယ်ယူနိုင်ရေးအတွက် ဘတ်ဂျက်မရှိသဖြင့် အလှူငွေ ထည့်ဝင် ကြရန် ငွေကြေး ခြိမ်းခြောက်တောင်းခံကြောင်း သိရှိရသည်။

“ရေနံချောင်းမြို့ပေါ်က မြို့မရဲစခန်းက မနေ့က အဟောင်းရောင်း ဝယ်ရေး သမားတွေကိုအစည်းဝေးခေါ်တယ်။ ခေါ်ရတဲ့အကြောင်းအရင်းက ရဲစခန်းမှာ တိုက်ခိုက်ရေး ဒရုန်းဝယ်ချင်တယ်။ လုပ်ငန်းရှင်တစ်ဦးကို ၁ သိန်းကောက်ခံ ပါတယ်။ တချို့ကတော့ ငွေကြေး မတတ်နိုင်တော့ ၅သောင်းထည့်ရတယ်။ အဲဒီမှာ ရွှေကြာငုံရပ်မှာရှိတဲ့ ဒေါ်ဝင်းအဟောင်းရောင်းဝယ်ရေးက ဒေါ်ဝင်း သမီးက ရဲတွေကို ပိုပြီးထောက်ခံကြောင်းပြချင်တော့ ငွေ ၂ သိန်းထည့် သွားတယ်” ဟု မြို့မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

ရေနံချောင်းရဲစခန်း ဝယ်ယူမည့် ဒရုန်းသည် သိန်း ၁၀၀ ကျော်တန်ကြေးရှိပြီး လာမည့် ရက်အနည်းငယ်အတွင်း ရေနံချောင်းမြို့ပေါ်ရှိ စျေးဆိုင်များအား လုံးကို ငွေကြေးကောက်ခံမည်ဟု ရဲစခန်းက တရားဝင် ပြောဆိုကြောင်း သိရှိရသည်။

“ပြည်သူတွေက စီးပွားရေးတွေ အဆင်မပြေရတဲ့အချိန်မှာ ငွေကြေးကို ခြိမ်းခြောက်ပြီး မတရားကောက်ခံနေပါတယ်။ ပြည့်သူတွေကိုနည်းမျိုးစုံ‌နဲ့ ဒုက္ခပေး နေပါတယ်။ ဒရုန်းဝယ်ဖို့ဆိုပြီး အကြောင်းပြပေမယ့် ဘယ်လောက် ဖြတ် စား လာဘ်စား လုပ်ဦးမလဲမသိ” ဟု ရေနံချောင်းမှ စျေးဆိုင်ပိုင်ရှင် တစ်ဦးက ရှင်းပြသည်။

#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #PDF

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article