32 C
Yangon

လွိုင်ကော်မြို့ကို စစ်တပ်က ဒရုန်းဖြင့် ဗုံးများ ကျဲချမှုကြောင့် နှစ်ထပ်စျေး တစ်၀ိုက် ဆိုင်ခန်းများနှင့် လူနေအိမ်များ မီးလောင်ကျွမ်း

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၆

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ကို စစ်တပ်က ဒရုန်းများဖြင့် ဗုံးများကျဲချမှု ကြောင့် လွိုင်ကော် နှစ်ထပ်စျေး တစ်ခုလုံး ရစရာမရှိသည်အထိ မီးလောင်ပြာ ကျသွားကြောင်း KNDF သတင်းရင်းမြစ်နှင့် ဒေသပြည်သူတချို့က ပြောဆို သည်။

ယနေ့ ဇန်နဝါရီလ ၂၆ ရက်နေ့ လွိုင်ကော်မြို့ ၊ စျေးပိုင်းရပ်ကွက်ရှိ လွိုင်ကော် နှစ်ထပ်စျေးကို စစ်ကောင်စီတပ်များက ဒရုန်းများဖြင့် မီးလောင်ဗုံးများ ကျဲချ ကြောင်း ၊ နှစ်ထပ်စျေးတစ်ခုလုံး ရစရာမရှိသည်အထိ မီးလောင်ကျွမ်းပြီး တော်လှန်ရေးတပ်များက ကြိုးစား၍ မီးငြိမ်းသတ်နေကြောင်း သိရှိရသည်။

“စစ်ခွေးတွေက မကြာသေးခင်က လွိုင်ကော် တောင်စျေးကို လက်နက်ကြီးပစ် မီးရှို့ပြီး ပြာချတယ်။ အခုတစ်ခါ နှစ်ထပ်စျေးကို မီးရှို့ပြန်တယ်။ လွိုင်ကော်ကို ထန်တလန်လို မြို့ပျက်ကြီး ဖြစ်အောင် ပျက်နေတာ စစ်ခွေးတွေက။ နှစ်ထပ်စျေးက စျေးပိုင်းရပ်ကွက်မှာရှိတာ။ အခုသိရသလောက်တော့ စျေးပိုင်းရပ်ကွက်က အိမ်တွေပါ အကုန်ပါကုန်ပြီလို့ သိရတယ်။ ရဲဘော်လေး တွေတော့ ကြိုးစားမီးငြိမ်းနေတယ်လို့ ပြန်ကြားရတယ်” ဟု လွိုင်ကော်မှ စစ်ဘေးရှောင် ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်က လွိုင်ကော်မြို့တွင် ၎င်းတို့ စိုးမိုးမှု မရှိတောသည့် နေရာများ ကို လေကြောင်းဖြင့် ဗုံးကျဲခြင်း၊ ဒရုန်းဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီး ပစ်ခတ်ခြင်းများဖြင့် ဖျက်ဆီးမှုများကို အရှိန်တိုးမြှင့်လုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

ဓာတ်ပုံ- CJ

#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article