32 C
Yangon

ဆီဆိုင်တစ်မြို့နယ်လုံးနှင့် PNLO ဌာနချုပ်ကို စစ်ကောင်စီက တိုက်လေ ယာဉ်များ၊ ထောက်ပို့ လေယာဉ်များဖြင့် တစ်ချိန်လုံး ဗုံးများ ကျဲချနေ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၆

အကြမ်းဖက်စစ်ကောင်စီတပ်က ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်တစ်မြို့နယ် လုံးကို တိုက်လေယာဉ်များ၊ ထောက်ပို့လေယာဉ်များဖြင့် ယနေ့ နံနက်ပိုင်းမှ ယခု အချိန်အထိ ဗုံးများ ကျဲချနေကြောင်း PNLA သတင်းရင်းမြစ်နှင့် ပြည်သူ များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ နံနက်အစောပိုင်းမှစတင်ပြီး စစ်ကောင်စီ၏ တိုက်လေယာဉ်များ၊ ထောက်ပို့လေယာဉ်များက ပေါင် ၅၀၀ ဗုံးများ အပါအဝင် ဆင့်ကွဲပေါက် ကွဲစေတတ်သော ကလပ်စတာဗုံးများကိုပါ ဆီဆိုင်မြို့ပေါ်သို့ ကျဲချနေကြောင်း သိရှိရသည်။

“ဆီဆိုင်မြို့ထဲမှာရှိတဲ့ ရဲစခန်း၊ လ၀ကရုံး၊ မီးသတ်၊ ဌာနဆိုင်ရာရုံးတွေနဲ့ ပြည်သူ တွေ ရဲ့ အိမ်တွေကို တိုက်လေယာဉ်နဲ့ပေါင် ၅၀၀ ဗုံးတွေကျဲချတယ်။ နောက်ပြီး ခမရ ၄၂၄ ၊ ၄၂၃ ထဲကိုလည်း ကလပ်စတာ ဗုံးတွေ ကျဲချတယ်။ နောက်ပြီး မွေတော် ဘုရားစေတီ ဝင်းထဲအထိပါ ဗုံးတွေ ကျဲချတာ။ အခုထက်ထိ ကျဲနေ တုန်း။ ဗုံးကျဲတာ တိုက်လေယာဉ်တွေတင်မကဘူး ။ လေယာဉ်အဖြူကြီး တွေနဲ့ပါ အနိမ့်ပျံပြီး လာကျဲနေတာ။ ပြည်သူတွေလည်း ထိခိုက်မှုရှိတယ်။ လက်နက်ကြီးတွေလည်း ပစ်နေတယ်။ ပိတ်မိနေတဲ့ ပြည်သူတွေ ထိခိုက်မှု များမယ်” ဟု ဆီဆိုင်မြို့ထဲတွင် ပိတ်မိနေသည့် စစ်ဘေးရှောင် ပြည်သူ တစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီတပ်များက လက်လွှတ်ဆုံးရှုံးလိုက်ရသည့် ဆီဆိုင်မြို့ကို ပြန်လည် သိမ်းပိုက်နိုင်ရေးအတွက် ယနေ့ တစ်နေ့လုံး လေကြောင်းဖြင့် တိုက်ခိုက်မှုများ ကို အရှိန်တိုးမြှင့်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် စစ်ကောင်စီက ရှမ်းပြည်တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ ကဒူးဒေသ၊ ဗန်းမတ်ကျေးရွာရှိ PNLO ဌာနချုပ်ကိုပါ တိုက်လေယာဉ်များဖြင့် ဗုံးကျဲတိုက် ခိုက် နေကြောင်း သိရှိရသည်။

ဓာတ်ပုံ- ဆီဆိုင်မြို့တွင် စစ်တပ်က လေယာဉ်ဖြင့် ယနေ့ ဗုံးကျဲမှုကြောင့် ပျက်စီးနေသည့် ပြည်သူတစ်ဦး၏ နေအိမ်။

#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #PNLO

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article