32 C
Yangon

တနင်္သာရီမြို့နယ်၊ လေသာတောင် ဆက်သွယ်ရေးစခန်း၌ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများ ကင်းပုန်းဝပ်နေစဥ် ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၆

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ လေသာတောင် ဆက်သွယ်ရေးစခန်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ကင်းပုန်းဝပ်နေစဥ် ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၅ ဦးသေဆုံးခဲ့ကြောင်း မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၂ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၅ ရက်နေ့ မွန်းလွဲ ၃ နာရီ ၅ မိနစ်ခန့်တွင် တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စုရှိ လေသာတောင် ဆက်သွယ်ရေး စခန်းကြီး၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများ ကင်းပုန်းဝပ်နေစဥ် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၂ မှစစ်ကြောင်းမှူးများ ဉီးဆောင် ကွပ်ကဲပြီး

တောဗုံးကြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ တနင်္သာရီရိုးမပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တို့က ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးကာ ၂ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးတွေက လက်နက်ကြီးတွေ အဆက်မပြတ်ပစ်လို့ လက်နက် ဝင်မကောက်နိုင်ခဲ့ဘူး။ စစ်ခွေးတွေက ရေခပ်ဆင်းလာကြတာပါ။ သူတို့က တောင်ပေါ်က ကျွန်တော်တို့ကအောက်က ပစ်ခတ်ခဲ့ရတာ” ဟု မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၂ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်း စစ်ကြောင်း ၂ သည် မြိတ်ခရိုင်တပ်ရင်း(၂)တပ်ခွဲ(၂)၊ ကျွန်းစုမြို့နယ် ပကဖ၊ ပုလောမြို့နယ် ပကဖ၊ တနင်္သာရီ ပကဖ၊ Dragon squad ဒရုန်း လက်ရုံးတပ်ဖွဲ့တို့ဖြင့် ဖွဲ့စည်းထားသော စစ်ကြောင်းဖြစ်ကြောင်း သိရသည်။

#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #DragonSquad

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article