26 C
Yangon

တန့်ဆည်မြို့နယ်ရှိ စစ်တပ် အထိုင်စခန်းကို လူအင်အား၊ လက်နက် ခဲယမ်း ဖြည့်တင်းရန်လာသည့် စစ်ကြောင်းကို လမ်းတစ်လျှောက် လိုက်လံ တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၆

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ရှိ စစ်တပ် အထိုင်စခန်းကို လူအင်အား၊ လက်နက် ခဲယမ်း ဖြည့်တင်းရန်လာသည့် စစ်ကြောင်းကို လမ်းတစ်လျှောက် လိုက်လံ တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ် ၈ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ကန့်ဘလူမြို့နယ်၊ ၆၀၀၆ အမြောက်တပ်မှ ကား ၆ စီးဖြင့် ကန့်ဘလူမြို့နယ် ညောင်ပင်ဆိပ်ကျေးရွာတွင် အင်အားချပြီး ရွှေဘိုခရိုင် တန့်ဆည်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို လူအင်အားနှင့် လက်နက်ခဲယမ်း ဖြည့်တင်းရန်လာသည့် စစ်ကြောင်းထိုး ဝင်ရောက်လာသည့် ခမရ ၃၆၁ ၊ ခလရ ၁၅၂ မှ အင်အား ၁၂၀ ဦးပါသည့် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက လမ်းတစ်လျှောက် လက်နက်ကြီးများဖြင့် လိုက်လံ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် တန့်ဆည်မြို့နယ်၊ ရွှေလှန်ရွာ အနီးရှိ ရွှေချောင်းဆုံ စခန်းမှ နောက်ကြောင်း ပြန်ခေါက်လာစဥ် တန့်ဆည်မြို့နယ်၊ အက်တောကျေးရွာ မြောက်ဘက်၌ တော်လှန်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်သား ၁၀ ဦးခန့် သေဆုံးကာ ၂၀ ဦးခန့် အပြင်းအထန် ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင် အမှတ် ၇၊ ၈၊ ၁၀၊ ၁၆ တပ်ရင်းများ ၊ တန့်ဆည်မြို့နယ် ရပ်ကျေး ပကဖ၊ ရေဦးမြို့နယ် ပကဖနှင့် PLA အဖွဲ့တို့က ပူးပေါင်းအဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #PLA

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article