24 C
Yangon

ကော့ကရိတ်မြို့ကို စစ်တပ်က လက်နက်ကြီးများ၊ ဟောင်ဝစ်ဇာ အမြောက် များ၊ တိုက်လေယာဉ် များ ဖြင့် ပစ်ခတ်တိုက်ခိုက် ဖျက်ဆီးနေသဖြင့် နေအိမ် တချို့ မီးလောင်နေ

Must read

ကော့ကရိတ်မြို့ကို စစ်တပ်က လက်နက်ကြီးများ၊ ဟောင်ဝစ်ဇာ အမြောက် များ၊ တိုက်လေယာဉ် များ ဖြင့် ပစ်ခတ်တိုက်ခိုက် ဖျက်ဆီးနေသဖြင့် နေအိမ် တချို့ မီးလောင်နေ

■ နေအိမ်စိတ်ချ၍ ပြန်လည် ဝင်ရောက်သွားသည့် ကော့ကရိတ် ပြည်သူတချို့ ပိတ်မိ

ရန်ကုန်၊ ဇန်နဝါရီ ၂၇

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ကို စစ်တပ်က လက်နက်ကြီးများ၊ ဟောင်ဝစ် ဇာ အမြောက်များ၊ တိုက်လေယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက် ဖျက်ဆီးနေပြီး နေအိမ်စိတ်ချ၍ ပြန်လည် ဝင်ရောက်သွားသည့် ပြည်သူတချို့ ပိတ်မိနေ ကြောင်း ဒေသပြည်သူတချို့၏ ပြောဆိုချက်နှင့် ကျားဖြူစစ်ကြောင်း၏ ထုတ် ပြန် ချက်အရ သိရှိရသည်။

ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီ ၂၅ မိနစ်အချိန်နှင့် ည ၉ နာရီ အချိန် တို့တွင် စစ်တပ်က ကော့ကရိတ်မြို့တွင်းသို့ လက်နက်ကြီးများ၊ ဟောင်ဝစ်ဇာ အမြောက်များဖြင့် ပစ်ခတ်လျက်ရှိကြောင်း၊ ယနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် ၁ နာရီ ၃၀ မိနစ်အချိန်မှစ၍ သတင်းထုတ်ပြန်သည့် နံနက် ၇ နာရီအချိန် စစ်ကောင်စီက Y-12 Military Transport လေယာဉ် ၂စီး ဖြင့် ကော့ကရိတ် မြို့တွင်းသို ၆၀ မမ ဗုံးသီးများ ၊ ၈၁ မမ ဗုံးသီးများဖြင့် ကျဲချလျက်ရှိကြောင်း၊ ကော့ကရိတ်မြို့ အလုံးစုံပျက်စီးရန် ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးလျက်ရှိကြောင်း ကျားဖြူစစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်က ကော့ကရိတ်မြို့ကို လေယာဉ်များ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်နေချိန် ပြည်သူတချို့မှာ မြို့တွင်းရှိ နေအိမ်များကို စိတ်မချ၍ ပြန် သွားကြသူများရှိသဖြင့် မြို့တွင်းတွင် ပိတ်မိသူများရှိကြောင်း သိရှိရသည်။

“ဇန်နဝါရီ ၂၁ ရက်နေ့ ကော့ကရိတ်၊ ကျူလယာတန်းမှာ မီးလောင်တယ်လေ။ အိမ်ခြေ အနည်းဆုံး ၅၀ ကျော်လောက်ပြာကျသွားတယ်။ အဲဒါ စစ်ဘေး ရှောင် နေတဲ့ ပြည်သူတချို့က အိမ်တွေ စိတ်မချတော့ တစ်အိမ်ကို အနည်းဆုံး တစ်ဦး လောက် ပြန်လာကြည့်ပြီး အိမ်တွေမှာ ပုန်းပြီး နေထိုင်ကြတာရှိတယ်။ အခု အဲဒီသူတွေ ပြန်မထွက်ရဘူးဖြစ်နေတယ်။ စစ်ခွေးတွေကလည်း မြို့ကို ပတ်နေ တာဆိုတော့ မြင်တဲ့နေရာမှာ ပစ်မှာ။ ကိုယ့်အိမ် ကိုယ့်ပစ္စည်းစိတ်မချလို့ အိမ် စောင့်ပြန်လာကြတာ” ဟု ကော့ကရိတ်မြို့မှ စစ်ဘေး ရှောင် ပြည်သူတစ်ဦးက ပြောဆိုသည်။

ကော့ကရိတ်အခြေစိုက် ကျားဖြူစစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ် များက မူ ပြည်သူများ အနေဖြင့် မည်သို့သောသတင်းများ ကြားသည် ဖြစ်ပါစေ တော်လှန်ရေးအဖွဲများထံ မေးမြန်းစုံစမ်းခြင်းမရှိဘဲ ကော့ကရိတ် မြို့ အတွင်းသို့ ပြန်မလာကြရန်နှင့် လုံခြုံဘေးကင်းသော နေရာများတွင် နေထိုင် ကြ ပါရန် သတိပေးတိုက်တွန်းထားသည်။

လက်ရှိတွင် စစ်ကောင်စီက လေယာဉ်များဖြင့် အဆက်မပြတ် ဗုံးများ ကျဲချ သဖြင့် ကော့ကရိတ်မြို့၊ ချောင်းတောင်ရပ်ကွက်၊ ဗလလမ်းထဲတွင် နေအိမ် တချို့ မီးလောင်နေကြောင်း သိရှိရသည်။

“ချောင်းတောင်နဲ့ ရပ်ကွက်၇ မှာ ဗုံးတွေကျဲချလို့ နေအိမ်တချို့ မီးလောင်တယ်။ မနက်ပိုင်း လက်နက်ကြီး၊ လက်နက်ငယ် အသံတွေ ဆူညံနေတယ်။ လေယာဥ် တွေက အဆက်မပြတ်ဝဲနေတယ်။ မြို့ပြင်ရပ်ကွက် အမှတ်၅ ဘက်မှာ ပြည်သူ တွေက အိမ်တွေထဲ ပြန်ဝင်နေကြတာ။ အခု တိုက်ပွဲဖြစ်တော့ ပြန်ပိတ်မိ နေတယ်” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

ဓာတ်ပုံ- ဇန်နဝါရီလ ၂၁ ရက်နေ့ ကော့ကရိတ်မြို့တွင် မီးလောင်နေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article