ရန်ကုန်၊ ဇန်နဝါရီ ၂၇
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ဆောထိမြို့နယ်နှင့် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တို့တွင် အကြမ်း ဖက်စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူများ ထွက်ပြေး တိမ်း ရှောင်နေရကာ နေအိမ်တစ်လုံးပျက်စီးခဲ့ ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။
ဇန်နဝါရီလ ၁၉ ရက် ည ၈ နာရီ ၂၄ မိနစ်တွင် ညောင်လေးပင် အခြေစိုက် ခလရ ၂၀ မှ ဂွေးကုန်း ကျေးရွာအနီးသို့ ၁၂၀ မမ လက်နက်ကြီးဖြင့် ၂ လုံး၊ ဇန်နဝါရီလ ၂၂ ရက် မွန်းတည့် ၁၂ နာရီ ၅၄ မိနစ် တွင် ရေဖြူကန်တံတားအနီးသို့ ၁၂၀ မမ လက်နက်ကြီဖြင့် ၂ လုံး၊ ဇန်နဝါရီလ ၂၃ ရက် ည ၈ နာရီ ၃၇ မိနစ်အချိန်တွင် ဂွေးကုန်းကျေးရွာအနီး သီဟိုခြံထဲသို့ ၄ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ဇန်နဝါရီလ ၂၅ ရက် မွန်းတည့် ၁၂ နာရီ ၅ မိနစ်တွင် ညောင်လေးပင်အခြေစိုက် ခလရ ၂၀ မှ ပျဉ်ရေးကြီး နှင့် ပုဇွန်မြောင်းကျေးရွာကြားသို့ ၁၂၀ မမ လက်နက်ကြီး ၆ လုံး ၊ ညနေ ၄ နာရီ ၁၆ မိနစ်တွင် ဂွေကုန်းကျေးရွာအတွင်းသို့ ၁၂၀ မမ လက်နက်ကြီး ၅ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျွဲနှစ် ကောင်နှင့် ဝက်တစ်ကောင် လက်နက်ကြီးစထိမှန်ခဲ့ကြောင်း သိရသည်။
အလားတူ ဇန်နဝါရီလ ၂၅ ရက် ည ၇ နာရီ ၅၇ မိနစ်တွင် ပိန်းဇလုတ်အခြေစိုက် ၂၆၄ တပ်ရင်းမှ အောပဝါးကျေးရွာအတွင်းသို့ ၁၅၅ မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ဇန်နဝါရီလ ၂၃ ရက် ည ၇ နာရီခန့်တွင် ဘီးလင်းမြို့နယ်၊ ဝင်းတာပန်ကျေးရွာ အတွင်းသို့ အကြမ်းဖက် စစ်ကောင်စီတပ် ခမရ-၂၀၈ တပ်ရင်း လက်အောက်ခံ ကွမ်းနဝင်းတပ်စခန်းမှ လက် နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ရာ နေအိမ်တစ်လုံး လက်နက်ကြီးထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ၏ ခမရ-၄၁၀ ဝင်းတာပန်တပ်စခန်းအနီးတွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA/KNDO)နှင့် ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့ဝင်များအကြား မကြာခဏ ပြောက်ကျားတိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီးများ ဖြင့် ကျေးရွာအတွင်းသို့ ပစ်ခတ်တိုက်ခိုက်နေသဖြင့် အရပ်သားပိုင် စည်းစိမ်ဥစ္စာများ၊ သာသနာ ပိုင်ဆောက်ဦးများ ထိခိုက်ပျက်စီးမှုရှိကာ ကျေးရွာနေ ပြည်သူများမှာလည်း ရွာထဲသို့မနေရဲဘဲ စစ်ဘေးရှောင်နေရကြောင်း သိရသည်။
ဓါတ်ပုံ − အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့်ထိခိုက်ပျက်စီးခဲ့ရသော နေအိမ်နှင့် လက်နက်ကြီးကျည်စအပိုင်းအစများ
#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #KNLA #KNDO #KNU






