တောင်သာမြို့နယ်၊ ဇဂျမ်းရွာနှင့် တမိုက်သာရွာ မှ ပျူစောထီး ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး
ရန်ကုန်၊ ဇန်နဝါရီ ၂၈
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဇဂျမ်းရွာနှင့် တမိုက်သာရွာ မှ ပျူစောထီး ၂ ဦး ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း တောင်သာမြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက် ၈ နာရီခန့်တွင် တောင်သာမြို့နယ်၊ ဇဂျမ်းရွာ မှ ပျူစောထီး ဇင်မင်းနိုင် ကို တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သိရသည်။
အလားတူ ဇန်နဝါရီလ ၂၁ ရက်နေ့ ညနေ ၆ နာရီ ၁၅ မိနစ်ခန့်တွင် တောင်သာမြို့နယ်၊ တမိုက်သာကျေးရွာမှ ပျူစောထီး ဒုခေါင်းဆောင် စန်းလွင် ကို ၎င်းနေအိမ်၌ပင် တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သိရှိရသည်။
” ပစ်ခတ် တိုက်ခိုက်မှုက ပျူစောထီး ၂ ကောင်လုံးသေတယ်လို့ အတည်ပြုချက်လို့ရပါတယ်” ဟု တောင်သာမြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်တပ်ရင်း – ၃ ၊ တောင်သာမြို့နယ် ပကဖ ၊ The value of young men_မြင်းခြံခရိုင်တပ်ရင်း ၈ နှင့် MHLG မလှိုင်မြို့နယ် ပကဖ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
