37 C
Yangon

မြောက်ဦးမြို့ကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၄ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရ၊ နေအိမ် ၂၀ ကျော် မီးလောင်ပျက်စီး

Must read

မြောက်ဦးမြို့ကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၄ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရ၊ နေအိမ် ၂၀ ကျော် မီးလောင်ပျက်စီး

ရန်ကုန်၊ ဇန်နဝါရီ ၂၈

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ပြည်သူ ၄ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိကာ နေအိမ် ၂၀ ကျော် မီးလောင်ပျက်စီးကြောင်း ဒေသပြည်သူများနှင့် AA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၇ ရက်နေ့ ည ၁၀ နာရီမှ စတင်ပြီး ယခုအချိန် စစ်ကောင်စီ၏ ခမရ ၃၇၇ ၊ ခမရ ၅၄၀ နှင့် အမှတ် ၃၁ ရဲတပ်ရင်းတို့က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ပြည်သူ ၄ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိကြောင်း၊ မြောက်ဦးမြို့၊ အလယ်စျေးရပ်ကွက်ရှိ လူနေအိမ်ခြေ ၂၀ ကျော် မီးလောင်ပျက်စီးကြောင်း သိရှိရသည်။

“မီးလောင်ပြာကျသွားတာ နေအိမ် ၂၀ ကျော်အထက်မှာ။ သေတာ ၄ ဦးရှိတယ်။ ဒဏ်ရာရသူတွေလည်း ဒဏ်ရာပြင်းထန်တော့ သေဆုံးဖွယ်ရှိတယ်။ တကယ့်ကို စစ်ခွေးတွေ ယုတ်မာတာ” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article