36 C
Yangon

မုံရွာမြို့နယ်၊ တောပုပျူစောထီးရွာ အဝင်လမ်းပိုင်းတွင် စစ်ကား ၂ စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်တပ်က ညောင်ဖြူပင်ရွာကို မီးရှို့ဖျက်ဆီးနေ

Must read

မုံရွာမြို့နယ်၊ တောပုပျူစောထီးရွာ အဝင်လမ်းပိုင်းတွင် စစ်ကား ၂ စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်တပ်က ညောင်ဖြူပင်ရွာကို မီးရှို့ဖျက်ဆီးနေ

ရန်ကုန်၊ ဇန်နဝါရီ ၂၈

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုရွာအဝင်လမ်းပေါ်တွင် စစ်ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်တပ်က ညောင်ဖြူပင်ရွာကို မီးရှို့ဖျက်ဆီးနေကြောင်း Area 71 Peoples Defense Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇန်နဝါရီလ ၂၈ ရက် နံနက် ၄ နာရီခွဲခန့်က မုံရွာမြို့၊ နမခတပ်အတွင်းမှ တောပုပျူစောထီး ကျေးရွာသို့ Jammer တပ်ဆင်ထားသော ကား ၂ စီး အပြည့်ဖြင့် စစ်အင်အားဖြည့်ရန် လာရောက် သည့် စစ်ကား ၂ စီးကို တောပုရွာအဝင်လမ်းပေါ်၌ ၃ လုံးတွဲမိုင်း ၂ နေရာ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ကားပေါ်က ပြေးဆင်းလာပြီး ရမ်းသမ်းပစ်ခတ်နေသဖြင့် အလျှင်အမြန် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

“တောပုရွာဘက်အဝင်လမ်းပေါ့၊ မနက်အစောကြီး အင်အားဖြည့်နေတာ၊ မိုင်းဆွဲပြီးပြီးချင်း ခွေး တွေဘက်က ရမ်းသမ်းပြန်ပစ်နေလို့ ချက်ချင်းပြန်ဆုတ်လာခဲ့ရတာ၊ မိုင်းပွိုင့်စောင့် ရဲဘော်တွေ ဆိုတာ ပြောက်ကျားစနစ်ဆိုတော့ အင်အားမမျှတာလည်းပါတာပေါ့၊ အဲဒါကြောင့် ခွေးသေထိခိုက် စောင့်ကြည့်မနေနိုင်ခဲ့ဘူး” ဟု Area 71 Peoples Defense Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို Area 71 Peoples Defense Force မှ ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သာားများက ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့သို့ မုံရွာမြို့နယ်၊ တောပုပျူရွာကို အင်အားဖြည့်တင်းပြီးနောက် စစ်ကြောင်း ၂ ခုခွဲထွက်ကာ ညောင်ဖြူ ပင် ရွာကို မီးရှို့နေကြောင်း၊ ထို့သို့ စစ်ကြောင်းထိုးကာ မီးရှို့နေမှုကြောင့် နဂါးတွင်း ကျေးရွာ၊ ဘုဘ ကျေး ရွာ၊ လယ်တော်ကျေးရွာ၊ ချမ်းသာကျွမ်းကျေးရွာ၊ ညောင်ဖြူပင်ကျေးရွာ တို့အပါအဝင် ကျွန်းကြီး ၆ ရွာ မှပြည်သူများမှာ နံနက် ၄ နာရီခန့်ကတည်းက စစ်ဘေးရှောင်နေ ကြရကြောင်း သိရသည်။

“အခု ညောင်ဖြူပင်ရွာကို မီးရှို့နေတယ်၊ စစ်ကြောင်းက ၂ ကြောင်းထွက်တာ၊ တောင်ဘက်ရော တစ် ကြောင်းထွက်သွားတယ်၊ ပရစ်ကုန်းရွာဘက်လောက်ကျမယ်၊ အဲဒီတစ်ကြောင်းကတော့ ဘာသံ မှ မကြားရသေးဘူး၊ ဖုန်းလိုင်းတွေလည်း ဖြတ်ထားတယ်၊ အနောက်ဘက်ဆင်းတဲ့အုပ်စုက ညောင်ဖြူ ပင် ရွာကို မီးဝင်ရှို့နေတာ၊ ပြည်သူတွေကတော့ မနက် ၄ နာရီလောက်ကတည်း ပြေးနေရတာ၊ ကျ နော်တို့ဘက်ကတော့ သိတဲ့အတိုင်းပဲ၊ စစ်ကြောင်းထိုးနိုင်ချေရှိရင် အကုန်ရှောင်ကြပဲ၊ မုံရွာတောင် နယ် အနောက်တကြော နဂါးတွင်း၊ ဘုဘ၊ လယ်တော်၊ ချမ်းသာကျွန်း၊ ညောင်ဖြူပင်၊ ကျွန်း ကြီး ၆ ရွာပေါ့၊ အခု မနက် စစ်ဘေးရှောင်နေကြရတာ” ဟု Area 71 Peoples Defense Force မှ တာဝန် ရှိသူတစ်ဦးက ပြောဆိုသည်။

Photo – စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေသော ကျေးရွာတစ်ရွာအား တွေ့ရစဥ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article