25 C
Yangon

စစ်ရဟတ်ယာဉ် ပစ်ချခံရ၍ ပျက်ကျမှုတွင် ဗိုလ်မှူးချုပ် အေးမင်းနောင်၊ ဗိုလ်မှူး စိုးလွင်ထွန်း၊ ဗိုလ်မှူး တိုးဦး ၊ တွဲဘက်လေယာဉ်မှူး ဗိုလ်ကြီးနှင့် ဒရုန်းကျွမ်းကျင် ဗိုလ်ကြီးတို့ သေဆုံးကြောင်း အတည်ပြု

Must read

စစ်ရဟတ်ယာဉ် ပစ်ချခံရ၍ ပျက်ကျမှုတွင် ဗိုလ်မှူးချုပ် အေးမင်းနောင်၊ ဗိုလ်မှူး စိုးလွင်ထွန်း၊ ဗိုလ်မှူး တိုးဦး ၊ တွဲဘက်လေယာဉ်မှူး ဗိုလ်ကြီးနှင့် ဒရုန်းကျွမ်းကျင် ဗိုလ်ကြီးတို့ သေဆုံးကြောင်း အတည်ပြု

■ရဟတ်ယာဉ်ပျံသန်းရောက်ရှိမည့်အချိန် ပေါက်ကြားမှုနှင့် ပျက်ကျသည့်ဓာတ်ပုံများ မီဒီယာထံရောက်ရှိမှု ဖရဲသီး ရှာဖွေ ဖော်ထုတ် အရေးယူရန် ညွှန်ကြား

ရန်ကုန်၊ ဇန်နဝါရီ ၃၀

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ သင်္ဃန်းညီနောင်တွင် ပစ်ချခံလိုက်ရသော စစ်တပ်ရဟတ်ယာဉ် ပျက်ကျမှုတွင် ဗိုလ် မှူး ချုပ် အေးမင်းနောင်၊ ဗိုလ်မှူး စိုးလွင်ထွန်း၊ ဗိုလ်မှူး တိုးဦး ၊ တွဲဘက်လေယာဉ် မှူး ဗိုလ်ကြီးနှင့် ဒရုန်းကျွမ်း ကျင် ဗိုလ်ကြီးတို့ သေဆုံးကြောင်း လေတပ်နှင့်နီးစပ်သော သတင်းရင်းမြစ်တချို့က အတည်ပြုသည်။

ဇန်နဝါရီလ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန် သင်္ဃန်းညီနောင် သို့ တပ်ချိန်းရန်ရောက်ရှိလာသော စစ်တပ်ရဟတ်ယာဉ်ကို ကော်ဘရာစစ်ကြောင်းက ပစ်ခတ်ခဲ့ရာ ရဟတ်ယာဉ်မှာ ပျက်ကျခဲ့ပြီး ရဟတ်ယာဉ်တွင် လိုက်ပါသူ ၆ ဦးအနက်မှ ၅ ဦးသေဆုံးကြောင်း၊ ၁ ဦးမှာလည်း ဒဏ်ရာ ပြင်းထန်ကြောင်း သိရှိရသည်။

စစ်ရဟတ်ယာဉ်ပျက်ကျမှုကြောင့် သေဆုံးသူများတွင်

၁-ဗိုလ်မှူးချုပ် အေးမင်းနောင် DSA-41 တပ်မမှူး တပ်မ(၄၄)

၂-ဗိုလ်မှူး စိုးလွင်ထွန်း ယာယီတပ်ရင်းမှူး ခမရ(၉)

၃- ဗိုလ်မှူး တိုးဦး လေယာဉ်မှူး

၄-ဗိုလ်ကြီး တွဲဘက် လေယာဉ်မှူး

၅- ဗိုလ်ကြီး ဒရုန်းကျွမ်းကျင်အရာရှိ တို့ဖြစ်ပြီး စက်ပြင် တပ်ခွဲ တပ်ကြပ်ကြီး ၁ ဦးမှာမူ ဒဏ်ရာ အပြင်းအထန်ရရှိထားကြောင်း သိရှိရသည်။

အဆိုပါရဟတ်ယာဉ် ပစ်ချခံရမှုသည် ရဟတ်ယာဉ်လာမည့်အချိန်နှင့် ပျံသန်းရောက်ရှိမည့် သတင်း ပေါက်ကြားမှုကြောင့်ဖြစ်ပြီး သတင်းပေါက်ကြားစေသည့် ဖရဲသီးကို ဖော်ထုတ်ရန်၊ ဖုန်းများကို စစ်ဆေးရန် ညွှန်ကြားထားကြောင်း၊ ထို့ပြင် ရဟတ်ယာဉ်ပျက်ကျသည့် ဓာတ်ပုံများ သတင်းမီဒီယာများထံသို့ ပေါက်ကြားမှုများနှင့်ပတ်သက်၍ လည်း တပ်တွင်း စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ရန် စစ်ကောင်စီက ညွှန်ကြားထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article