Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၃၀ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇန်နဝါရီ ၃၀ ရက်နေ့ နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
– ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ တစ်လတည်းမှာပဲ စစ်ကောင်စီရဲ့ လေယာဉ် နဲ့ ရဟတ်ယာဉ် စုစုပေါင်း ၄ စီး ပစ်ချခံရမှု နဲ့ ပျက်ကျမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ၊ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၃ နှစ်အတွင်းမှာပဲ စစ်ကောင်စီက လေယာဉ် နဲ့ ရဟတ်ယာဉ် ၇ စီး ဆုံးရှုံးသွားတဲ့အပြင် အမေရိကန်ဒေါ်လာ ၁၂၂ သန်း ဆုံးရှုံးသွားပြီဖြစ်တယ်လို့ သိရပါတယ်။
-ရခိုင်ပြည်နယ် မင်းပြားမြို့က စစ်ကောင်စီရဲ့ ခမရ ၃၈၀ ကို ရခိုင့်တပ်တော် AA က တိုက်ခိုက် သိမ်းပိုက်ပြီးနောက် ကပ်လျက်ရှိတဲ့ ခမရ ၃၇၉ ကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ၊ မင်းပြား တိုက်ပွဲမှာ စစ်တပ်ဘက်က သေတဲ့သူတွေ အလွန်များတဲ့အပြင် ၊ လက်နက်ခဲယမ်း အမြောက် အမြားကိုပါ သိမ်းဆည်းရရှိထားတယ်လို့ ညီနောင် မဟာမိတ် ၃ ဖွဲ့က တရားဝင် ထုတ်ပြန် ထားပါတယ်။
– ပြင်ဦးလွင်မြို့က စစ်ကောင်စီလက်အောက်ခံ ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်မှာ စစ်သင်တန်း တက်နေတဲ့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနက အမျိုးသမီး ဝန်ထမ်း ၁ ဦး အမောဖောက်ပြီး သေသွားတဲ့ သတင်းအပါဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
