26 C
Yangon

ရေတာရှည်မြို့နယ်၊ ကဲလင်းဆိပ်ရွာတွင် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၃ ဦး သေဆုံး၊ မြိုင်မြို့နယ်၊ ကန်နီ ပျူစောထီးရွာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ရေတာရှည်မြို့နယ်၊ ကဲလင်းဆိပ်ရွာတွင် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၃ ဦး သေဆုံး၊ မြိုင်မြို့နယ်၊ ကန်နီ ပျူစောထီးရွာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၃၀

ပဲခူးတိုင်း ၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ကဲလင်းဆိပ်ကျေးရွာတွင် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပြီး စစ် င်စီတပ်သား ၃ ဦး သေဆုံးခဲ့ကြောင်း ပုဝါနီစစ်ကြောင်းထံမှ သိရသည်။

ဇန်နဝါရီလ ၂၈ ရက် မွန်းလွဲ ၂ နာရီခန့်က ရေတာရှည်မြို့နယ်၊ ကူးတို့ကုန်းကျေးရွာမှ တဆင့် စစ် တောင်းမြစ်ကို ဖြတ်ကျော်ပြီး ကဲလင်းဆိပ်ကျေးရွာသို့ စစ်ကြောင်းထိုး၀င်ရောက်လာသော အင်အား ၁၀၀ ခန့်ရှိ အကြမ်းဖက်စစ်ကြောင်းကို ကဲလင်းဆိပ်ကျေးရွာမြောက်ဘက်ခြမ်း အရောက် ပုဝါနီစစ် ကြောင်း ပွိုင့် ရဲဘော်များက အသင့်စောင်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ် တိုက်ပွဲ ၁ နာရီခွဲခန့် ကြာမြင့်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး ၆ ဦးထက် မနည်း ထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့နောက် ပုဝါနီစစ်ကြောင်းပွိုင့် ရဲဘော်များက အနောက်သို့ အနည်းငယ်ပြန်ဆုတ်၍ ခံစစ်ပြင်ထား ကာ အနောက်မှ စစ်ကူလိုက်လာသည့် နေပြည်တော် PDF နှင့် ပူးပေါင်းပြီး ညနေ ၅ နာရီခန့်တွင် ၄၀ mm ဖြင့် စတင်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ၁ နာရီခန့် ကြာမြင့်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ည ၁၀ နာရီ အချိန်တွင် စစ်ကူပေးရန် ထပ်မံရောက်ရှိလာသော ကူကီးစစ်ကြောင်း၊ အထူး ဒေသ ၁ တို့ဖြင့် ထပ်မံ ပူးပေါင်းကာ အကြမ်းဖက်စစ်သားများ အထိုင်ချထားရာ ကဲလင်းဆိပ်ကျေးရွာ အတွင်းသို့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီကျော်ကြာမြင့်ခဲ့ပြီး စစ် ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိကာ အတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရ သည်။

ယင်းတိုက်ခိုက်မှုများအတွင်း တော်လှန်ရေးအင်အားစု ဘက်မှ အထိခိုက်မရှိ အောင်မြင်စွာ တိုက်ခိုက် နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုစာရင်းကို နောက်ဆက်တွဲအနေဖြင့် ဆက်လက် တင်ပြသွားမည်ဖြစ်ကြောင်း ပုဝါနီစစ်ကြောင်းက ထုတ်ပြန်ထားသည်။

ထို့ပြင် မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီ ပျူစောထီးရွာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၄ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့​ကြောင်း Special Air Raid Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ရာ ပျူစောထီး အမျိုးသမီး ၂ ဦး ပြင်းထန်းဒဏ်ရာရရှိခဲ့ကြောင်း၊ အလားတူ ဇန်နဝါရီလ ၂၃ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ကန်နီပျူစောထီးရွာကို ဒရုန်းဖြင့် ဗုံးသီး ကျဲချ တိုက်ခိုက်ခဲ့ပြီး ဘန်ကာ ပျက်စီးပြီး ပျူစောထီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Special Air Raid Force နှင့် လျှပ်စီးပြောက်ကျားတပ်ဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article