25 C
Yangon

လောင်းလုံးမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်နေပြီး တိုက်ပွဲဖြစ်ပွားနေ

Must read

လောင်းလုံးမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်နေပြီး တိုက်ပွဲဖြစ်ပွားနေ

ရန်ကုန်၊ ဇန်နဝါရီ ၃၀

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်နေပြီး တိုက်ပွဲဖြစ်ပွားနေကြောင်း လောင်းလုံးမြို့နယ် PDF မှ တာဝန်ရှိသူ တစ်ဦးနှင့် ဒေသတွင်း သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက်အစောပိုင်းမှ စတင်ကာ လောင်းလုံးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ရဲစခန်း၊ စရဖရုံးနှင့် ဂိတ်စခန်းများကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်နေပြီး လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ မြို့ပေါ်တွင် ဆူညံနေကြောင်း သိရသည်။

“လောင်းလုံးမြို့ပေါ်မှာ တိုက်ပွဲဖြစ်ပွားနေတာ ဟုတ်ပါတယ်။ အခြေအနေ အသေးစိတ်တော့ မသိရှိရသေးဘူး” ဟု လောင်းလုံးမြို့နယ် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် လောင်းလုံးမြို့ပေါ်ရှိ တိုက်ပွဲဖြစ်ပွားရာ နေရာများကို ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်ရှိ ကာစတန်ဆိပ်ကမ်းအနီးရှိ အကြမ်းဖက် စစ်ကောင်စီတပ်သားများကလည်း လက်နက်ကြီးအထိုင်ချ၍ ပစ်ခတ်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

လက်ရှိချိန်တွင် လောင်းလုံးမြို့ပေါ်တွင် နေထိုင်သော ပြည်သူတချို့သည် နီးစပ်ရာ နေရာများကို တိမ်းရှောင်နေရပြီး အများစုသည် နေအိမ်များထဲ၌ ပုန်းအောင်းနေရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article