25 C
Yangon

ရေစကြိုမြို့နယ်တွင် စစ်​တပ်က သေနတ်များ ပစ်ဖောက်ကာ ကျေးရွာများကို စစ်ကြောင်းထိုးနေပြီး ကျွန်းလှရင်ရွာကို မီးရှို့ဖျက်ဆီးနေ

Must read

ရေစကြိုမြို့နယ်တွင် စစ်​တပ်က သေနတ်များ ပစ်ဖောက်ကာ ကျေးရွာများကို စစ်ကြောင်းထိုးနေပြီး ကျွန်းလှရင်ရွာကို မီးရှို့ဖျက်ဆီးနေ

ရန်ကုန်၊ ဇန်နဝါရီ ၃၀

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် စစ်​တပ်က သေနတ်များ ပစ်ဖောက်ကာ ကျေးရွာများကို စစ်ကြောင်းထိုးနေပြီး ကျွန်းလှရင်ရွာကို မီးရှို့ဖျက်ဆီးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ရေစကြိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ကျွန်းလှရင်ရွာကို သေနတ်များ ပစ်ဖောက်ကာ ဝင်ရောက် စီးနင်းပြီး ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း သိရသည်။

“ရေစကြိုမြို့နယ် ကျွန်းလှရင်ရွာကို စစ်ခွေးတွေ မီးရှို့နေပြန်ပြီး သေနတ်သံတွေလည်း အခုထိကြားနေရတယ်။ ဆင်ကြို့ ရွာဘက်ကိုလည်း စစ်ခွေးတွေ ရောက်နေတယ်။ မွန်းလွဲ ၂ နာရီဝန်းကျင်တည်းက စရှို့နေတာလို့ သိရတယ်။ အခု ကျွန်းလှရင်ရွာနားက ကျေးရွာနေ ပြည်သူတွေ အကုန်ပြေးနေရပြီး ပျက်စီးမှု အခြေအနေနဲ့ အသေးစိတ် အခြေအနေကို မသိရသေးဘူး။ ပြည်သူတွေလည်း အကုန်ပြေးနေရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ရေစကြိုမြို့နယ်၊ ကြူကျေးရွာအနီးရှိ ဆင်မရဲကျေးရွာတွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး နောက် ညနေ ၄ နာရီ ၃၀ မိနစ်အချိန် စစ်တပ်က တိုက်ပွဲဖြစ်ပွားရာ ဆင်မရဲကျေးရွာအနီးရှိ ကြူကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး သက်ကြီးရွယ်အို ၂ ဦးကို မီးရှို့သတ်ဖြတ်ကာ ရွာလုံးကျွတ် မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article