25 C
Yangon

မြင်းခြံမြို့နယ်တွင် စစ်ဆေးရေး ပြုလုပ်နေသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၂ ဦးသေဆုံး၊ ယင်းမာပင်မြို့နယ်တွင် လုံခြုံရေးယူနေသော စစ်သားများကို မိုင်းဆွဲတိုက်ခိုက်

Must read

မြင်းခြံမြို့နယ်တွင် စစ်ဆေးရေး ပြုလုပ်နေသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၂ ဦးသေဆုံး၊ ယင်းမာပင်မြို့နယ်တွင် လုံခြုံရေးယူနေသော စစ်သားများကို မိုင်းဆွဲတိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၃၁

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်ဆေးရေး ပြုလုပ်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ၂ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်း ၁ 27 Revolution မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီ ၃၁ ရက်နေ့ နံနက် ၁၁ နာရီ ၄၀ မိနစ်ခန့်တွင် သင်ပြွန်းလမ်းခွဲ၌ စစ်ဆေးရေး ပြုလုပ်နေတဲ့ အကြမ်းဖက်ဟစစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်စားပြောက်ကျားတပ်ဖွဲ့၊ မြင်းခြံမြို့နယ် ပကဖ၊ မြင်းခြံခရိုင် တပ်ရင်း ၁ 27 Revolution အဖွဲ့ ၊ ဗိုလ်စက်က တပ်ဖွဲ့ ၊ မြစ်သား PDF (Tiger Brothers) တပ်ဖွဲ့ နှင့် မဟာမိတ်အဖွဲ့များ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် လုံခြုံရေးကင်းယူနေသော စစ်ကောင်စီတပ်သားများကို မိုင်း ဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း Regional Friend Fighters (RFF) တာဝန်ခံ ဗိုလ်စင်္ကြာက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။

ယမန်နေ့ ဇန်နဝါရီလ ၃၀ ရက် မွန်းတည့် ၁၂ နာရီ မိနစ် ၃၀ ခန့်က ယင်းမာပင်မြို့နယ်၊ အမှတ် ၂၈ ရဲ တပ်ရင်းအတွင်းမှ အောင်ဇေယျကုန်းအထိ လုံခြုံရေးကင်းယူထားသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ခန့် အတွင်းမှ တပ်သား ၅ ဦးသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထောင်ထားသော မိုင်းကွင်း အတွင်း ဝင်ရောက်လာသဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တစ်ဦးအပြင်းအထန်ဒဏ်ရာရရှိပြီး ကျန် စစ်ကောင်စီတပ်သား ၄ ဦးလည်း ထိခိုက်ဒဏ်ရာရရှိမှုရှိခဲ့ကြောင်း သိရသည်။

“သူတို့တပ်ရင်းထဲက အရာရှိတစ်ယောက်နေပြည်တော်ကို သွားဖို့ လုံခြုံရေးယူပေးကြတာ၊ ထွက်လာ တာကတော့ အယောက် ၂၀ လောက်ရှိတယ်၊ အဲဒီအထဲကမှ ၅ ယောက်က ကျနော်တို့ မိုင်းကွင်းထဲ ရောက်လာတာနဲ့ မိုင်းဆွဲလိုက်တာ၊ တစ်ယောက်ကတော့ ထိထိမိမိ မိုင်းထိသွားတာ မြင်လိုက်ရ တယ်၊ မိုင်းထိပြီး ဒဏ်ရာရသွားတော့ သူတို့ တပ်ရင်းထဲသယ်ခေါ်သွားတာ၊ သေမသေက အတည်ပြု လို့ မရဘူးဖြစ်နေတယ်” ဟု Regional Friend Fighters (RFF) တာဝန်ခံ ဗိုလ်စင်္ကြာက ရန်ကုန် ခေတ် သစ်သတင်းဌာနထံ သို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း ၂၇ ၊ တပ်ရင်း ၃၆ နှင့် ယင်းမာပင်မြို့နယ်တိုက် နယ် ၂ ပကဖ ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ Regional Friend Fighters (RFF) တို့ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article