28 C
Yangon

ပုလဲမြို့နယ်၊ ကံကြီးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပြည်သူများ ထိခိုက် ဒဏ်ရာရပြီး နေအိမ် ၂ လုံး မီးလောင်ပျက်စီး

Must read

ပုလဲမြို့နယ်၊ ကံကြီးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပြည်သူများ ထိခိုက် ဒဏ်ရာရပြီး နေအိမ် ၂ လုံး မီးလောင်ပျက်စီး

ရန်ကုန်၊ ဇန်နဝါရီ ၃၁

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကံကြီးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် ပြည်သူများ ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၂ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း ပုလဲမြို့နယ် ပအဖ ခေါင်းဆောင် ကိုဇော်ထက် က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီ ၃၁ ရက်နေ့ ညနေ ၃ နာရီကျော်ခန့်တွင် ကံကြီးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် လာရောက် ဗုံးကျဲသွားခြင်းဖြစ်ကာ ပြည်သူများထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ကာ အသေးစိတ် အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

“ဂျက်ဖိုက်တာ ၁ စီးနဲ့ လာပစ်သွားတယ်။ လောလောဆယ် ရှင်းလင်းရေးလုပ်နေတုန်းဆိုတော့ တိတိကျကျတော့ ပြောလို့မရသေးဘူး။ အိမ် ၂ လုံးကတော့ မီးလောင်သွားတယ်။ လူ ထိခိုက်ဒဏ်ရာရတာ ၃ ၊ ၄ ဦးရှိတယ် ကြားတယ်။ ထိခိုက်ဒဏ်ရာရလား အသက်အန္တရာယ်လား တိတိကျကျ မသိရသေးဘူး။ နောက်တစ်ချက်က အဲဒီမှာကလည်း ဖုန်းလိုင်းက ဆက်သွယ်လို့ မရဘူးလေ” ဟု ပုလဲမြို့နယ် ပအဖ ခေါင်းဆောင် ကိုဇော်ထက်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article