25 C
Yangon

ခင်ဦးမြို့နယ်တွင် စစ်တပ်က ပြည်သူ ၃ ဦးကို သတ်ဖြတ်ပြီး သာဝတ္ထိရွာနှင့် ကလုံရွာ ရှိ နေအိမ် ၁၈၃ လုံးနှင့် စပါးတိုက် ၂၇ လုံးကို မီးရှို့ ဖျက်ဆီး

Must read

ခင်ဦးမြို့နယ်တွင် စစ်တပ်က ပြည်သူ ၃ ဦးကို သတ်ဖြတ်ပြီး သာဝတ္ထိရွာနှင့် ကလုံရွာ ရှိ နေအိမ် ၁၈၃ လုံးနှင့် စပါးတိုက် ၂၇ လုံးကို မီးရှို့ ဖျက်ဆီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၃ ဦးကို သတ်ဖြတ်ပြီး သာဝတ္ထိရွာနှင့် ကလုံရွာ ရှိ နေအိမ် ၁၈၃ လုံးနှင့် စပါးတိုက် ၂၇ လုံးကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ကလုံရွာကို ဝင်ရောက် စီးနင်းပြီး ကလုံရွာတွင် စစ်ဘေးရှောင်နေသည့် သရက်ကုန်းရွာမှ ဦးသိန်းထွန်းကို ဦးခေါင်းဖြတ် သတ်ဖြတ်ခဲ့ပြီး ကင်းပြစ်ရွာမှ ဦးသန်းလွန်ကြီးကို ကလုံရွာ အရှေ့မြောက်ထိပ် ဘုန်းကြီးကျောင်းအနီးတွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကာ ကလုံရွာသား ဦးရဲအောင်ကိုလည်း ရွာထိပ် မူးဘောင်ကြားတွင် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်တပ်၏ အင်အား ၈၂ ဦးပါ စစ်ကြောင်းသည် ခင်ဦးမြို့နယ် သာဝတ္ထိရွာတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်က စတင်၍ သာဝတ္ထိရွာမှ နေအိမ် ၁၆၈ လုံးနှင့် စပါးတိုက် ၂၇ လုံး မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက်ပိုင်းတွင်လည်း ကလုံကျေးရွာမှ နေအိမ် ၁၅ လုံးနှင့် စပါးတိုက် ၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

“ရွှေဘိုပေါ်ဆန်းဘေးကြား တင်း ၁၀၀ ငွေ ကျပ် သိန်း ၄၀၀ ဝန်းကျင် တန်းဖိုးရှိတဲ့ စပါးတင်းရေ စုစုပေါင်း ၁၀,၀၀၀ ကျော် မီးလောင်ပြာကျခဲ့ပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် သာဝတ္ထိရွာတွင် ညအိပ်၍ ယနေ့ ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ဥယျာဉ်ရွာ ၊ ကျွန်းတောကြီးရွာ၊ ယာတော်ရွာများနှင့် မူးမြစ်ကို ဖြတ်ကူးကာ ရေဦးမြို့သို့ ပြန်ထွက်သွားကြောင်း ဒေသပြည်သူများက ဆက်လက် ပြောဆိုသည်။

Photo – ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article