25 C
Yangon

ရွှေဘိုတွင် မြို့လှကျေးရွာကို စစ်တပ်က မီးတင်ရှို့ပြီး ဇီးဖြူကုန်းကျေးရွာအပါ အဝင် ရွာများကို မွှေနှောက်လုယက် ဖျက်ဆီး၊ ပြည်သူများကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်မှုများရှိ

Must read

ရွှေဘိုတွင် မြို့လှကျေးရွာကို စစ်တပ်က မီးတင်ရှို့ပြီး ဇီးဖြူကုန်းကျေးရွာအပါ အဝင် ရွာများကို မွှေနှောက်လုယက် ဖျက်ဆီး၊ ပြည်သူများကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်မှုများရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြို့လှကျေးရွာကို စစ်တပ်က မီးတင်ရှို့နေပြီး ဇီးဖြူကျေးရွာအပါအဝင် ကျေးရွာများကို မွှေနှောက် လုယက် ဖျက်ဆီးနေကြောင်း‌ ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက်ပိုင်းတွင် ရွှေဘိုမြို့မှ စစ်တပ်နှင့် သီးလုံးကျေးရွာမှ ပျူစောထီးများ ပူးပေါငး်ကာ ရွှေဘိုမြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးကြောင်း၊ မြို့လှကျေးရွာကို စစ်တပ်စစ်ကြောင်းက ဝင်ရောက် ၍ မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ဇီးဖြူကျေးရွာအတွင်းသို့လည်း လှည့်လည်မွှေနှောက်ပြီး ပစ္စည်းများ လုယက်ကြောင်း၊ အနီးအနားကျေးရွာများကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

“​ဇီဖြူကုန်းရွာ အပါအဝင် မြို့လှ၊ နှမစာရစ်၊ ထနောင်းကိုင်း၊ ကျောက်မြင့်၊ တင့်တယ်၊ ဆိပ်ခွန်ရွာ တွေဆီကို လက် နက် ကြီးတွေနဲ့ပစ်နေလို့ တိမ်းရှောင်နေရတယ်။ တကယ်က ဇီဖြူကုန်းရွာမှာ စစ်တပ်က အရင်ကတပ်စွဲပြီးသားပါ။ တပ်စွဲတာ၂နှစ်ရှိပြီး လွန်ခဲ့၂လလောက်က တပ်ပြန်ဆုတ်တယ်။ အခုပြန်ဝင်တယ်။ ပြည်သူတွေ ဖမ်းဆီးခံရတာ၊‌ သေဆုံးတာများနိုင်တယ်။ မနေ့ကလည်း အိမ်တွေ မီးရှို့ခံရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာများကို စစ်တပ်က မီးတင်ရှို့နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article