25 C
Yangon

သင်္ဃန်းညီနောင်တွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ ကလေးငယ် ၁ ဦး သေဆုံးပြီး ပြည်သူ ၅ဦးထက်မနည်း ဒဏ်ရာရ ၊ နေအိမ်များ လက်နက်ကြီးထိမှန်

Must read

သင်္ဃန်းညီနောင်တွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ ကလေးငယ် ၁ ဦး သေဆုံးပြီး ပြည်သူ ၅ဦးထက်မနည်း ဒဏ်ရာရ ၊ နေအိမ်များ လက်နက်ကြီးထိမှန်

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ သင်္ဃန်းညီနောင်တွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ ကလေးငယ် ၁ ဦးသေဆုံးပြီး ပြည်သူ ၅ ဦးထက်မနည်း ဒဏ်ရာရရှိကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ဖေဖော်ဝါရီလ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင် စစ်ဗျူဟာနှင့် ရွာသစ်ကုန်းကျေးရွာ အာရှလမ်းပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဦးဆောင်သော PDF ပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီတပ်များကို ဝင်ရောက်တိုက်ခိုက်ပြီး တိုက်ပွဲများ စတင်ဖြစ်ပွားနေကြောင်း၊ စစ်တပ်က လက်နက်ကြီးများဖြင့် နေရာအနှံ့သို့ ပစ်ခတ်သဖြင့် ပြည်သူများထိမှန် သေဆုံးခြင်းဖြစ်ကြောင်း သိရှိရသည်။

“သင်္ဃန်းညီနောင်စစ်ဗျူဟာကနေ လက်နက်ကြီး ၁၇ ကြိမ်ပစ်တယ်။ သင်္ဃန်းညီနောင်ကျေးရွာ၊ ခမုချောင်- သီတာရပ်ကွက်အတွင်းမှာ လက်နက်ကြီး ၂လုံးကျတယ်။ ကလေးငယ်တစ်ဦး သေဆုံးပါတယ်။ အခြား ကလေးတယောက်အပါအဝင် ပြည်သူ ၅ဦး ဒဏ်ရာရတယ်။ စစ်တပ်က ၁၂၀ မမ ၆ ကြိမ် ပစ်ခတ်တယ်။ သင်္ဃန်းညီနောင်ရွာသစ်ကျေး ရွာထဲမှာ လက်နက်ကြီး ကျည် ၅လုံးကျရောက်ပေါက်ကွဲတယ်။ သင်္ဃန်းညီနောင် ဗျူဟာနှင့် ၂၇၅ တပ်ရင်းတွေကနေ လက်နက်ကြီးတွေ တောက်လျှောက်ပစ်နေတယ်။ နေအိမ် ၈လုံးထိမှန် ပျက်စီးတယ်။ ရွာသစ်ဘက်မှာ ထိတဲ့ လူနာတွေတော့ အခြေအနေ မသိရသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် PDF တပ်များက အာရှလမ်းပေါ် ၊ ကုန်သွယ်ရေးဇုန်၊ ရွာသစ်ကုန်း၊ သင်္ဃန်းညီနောင် ဗျူဟာနေရာများတွင် ရောက်ရှိနေကြောင်း၊ စစ်တပ်ကလည်း ကျုံဒိုးဘက်မှ စစ်ကူ အင်အား ၅၀၀ ထက်မနည်း ပေးပို့ခဲ့ပြီးဖြစ်ကြောင်း၊ တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article