25 C
Yangon

ဆိတ်ဖြူတွင် စစ်တပ်ထောက်ပို့ကားတစ်စီးကို ပစ်ခတ်တိုက်ခိုက်မှု ဗိုလ်ကြီး၁ ဦးအပါအဝင် စစ်သား ၃ ဦးသေဆုံးပြီး လက်နက် ၂ လက် သိမ်း ဆည်းရရှိ

Must read

ဆိတ်ဖြူတွင် စစ်တပ်ထောက်ပို့ကားတစ်စီးကို ပစ်ခတ်တိုက်ခိုက်မှု ဗိုလ်ကြီး၁ ဦးအပါအဝင် စစ်သား ၃ ဦးသေဆုံးပြီး လက်နက် ၂ လက် သိမ်း ဆည်းရရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၄

မကွေးတိုင်း၊ ဆိတ်ဖြူမြို့နယ်တွင်အကြမ်းဖက်စစ်ကောင်စီတပ် ထောက်ပို့ကာားတစ်စီးကို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၃ ဦးသေဆုံးခဲ့ကြောင်း Caf-Spupdf မြေလတ်ဒေသဆိတ် ဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၈ ရက် မွန်းလွဲ ၁ နာရီခန့်က ဆော- ဆိတ်ဖြူလမ်းအတိုင်း ကပစ ၂၁ သို့ ရိက္ခာပို့လာ သော ထောက်ပို့ကားတစ်စီးကို ကြိုတင်သတင်းရရှိထားသဖြင့် စောင့်ကြိုပြီး လက်နက်ကြီး၊ လက် နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ယာဉ်ပေါ် စစ်သား ၄ ဦးအနက် ဗိုလ်ကြီး ၁ ဦးနှင့် ရဲဘော် ၂ ဦး သေဆုံးခဲ့ပြီး ကျန်ရဲဘော်တစ်ဦးမှာ အပြင်းအထန် ဒဏ်ရာဖြင့် ထွက်ပြေးလွတ်မြောက်သွား ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကြောင့် ရိက္ခာသယ်ကားမှာ ချောက်ထဲထိုးကျသွားခဲ့ပြီး သယ်ဆောင်လာသော ဆီ ပေပါများကို ဖျက်ဆီးနိုင်ခဲ့ကာ G3 သေနတ် ၁ လက်၊ MA 3 သေနတ် ၁ လက်၊ ကျည်ဘောက် ၆ ခုနှင့် စာရွက်စာတမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို မကွေးတိုင်း ဆိတ်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် မဟာမိတ် ညီနောင်များဖြစ်သော ပခုက္ကူခရိုင် အမှတ် ၄ တပ်ရင်း၊ တပ်ခွဲ ၁ ၊ တပ်ခွဲ ၂ ဆိတ်ဖြူ CAF မြေလတ် ပကဖ အဖွဲ့နှင့် Yenanthar Youth Force – YYF တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article