25 C
Yangon

မုံရွာမြို့နယ်၊ နဂါးတွင်းရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူး ၁ ဦးအပါအဝင် ၃ ဦး သေဆုံး

Must read

မုံရွာမြို့နယ်၊ နဂါးတွင်းရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူး ၁ ဦးအပါအဝင် ၃ ဦး သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၄

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ နဂါးတွင်းရွာတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ဗိုလ်မှူး ၁ ဦးအပါအဝင် ၃ ဦးသေဆုံးခဲ့ကြောင်း မုံရွာခရိုင် တပ်ရင်း ၁၅ (CRA) တပ်ဖွဲ့ထံမှ သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၃ ရက် နံနက် ၉ နာရီခန့်က မုံရွာမြို့နယ်၊ တောပုပျူစောထီးကျေးရွာမှ အင်အား ၈၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ကို နဂါးတွင်းရွာတောင်ဘက် အရောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ဗိုလ်မှူး တစ်ဦးအပါအဝင် ၃ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း မအူဂိတ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားများက လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ကူပေးခဲ့ပြီး အပြန်လှန် ပစ်ခတ်တိုက်ပွဲ ၃ နာရီခန့်ကြာမြင့်ခဲ့ကြောင်း၊ ခဲယမ်းအင် အားနည်းပါးသဖြင့် ပြန်လည် ဆုတ်ခွာခဲ့ရခြင်းဖြစ်ကြောင်း မုံရွာခရိုင် အမှတ် ၁၅ တပ်ရင်း (CRA) က ထုတ်ပြန်ပြောဆိုထားသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် ၁၅ တပ်ရင်း တပ်ခွဲ ၄ ၊ ဒေသကာကွယ် ရေး တပ်ဖွဲ့များနှင့် အခြားတော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းကာ တိုက် ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article