25 C
Yangon

ကော့ကရိတ်မြို့တွင်းရှိ စစ်တပ်အရာရှိများ၏ နေအိမ်များကို စီးနင်းရှာဖွေရာ အမျိုးသမီးလိင်ဖျော်ဖြေရေး ကျားတုကိရိယာမျိုးစုံ၊ ကားလိုင်စင်ပြားအတုများ၊ ပြည်ပဘဏ်စာအုပ်များနှင့် အောက်လမ်းယတြာများ တွေ့ရှိရ

Must read

ကော့ကရိတ်မြို့တွင်းရှိ စစ်တပ်အရာရှိများ၏ နေအိမ်များကို စီးနင်းရှာဖွေရာ အမျိုးသမီးလိင်ဖျော်ဖြေရေး ကျားတုကိရိယာမျိုးစုံ၊ ကားလိုင်စင်ပြားအတုများ၊ ပြည်ပဘဏ်စာအုပ်များနှင့် အောက်လမ်းယတြာများ တွေ့ရှိရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၄

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ စစ်တပ်အရာရှိများ၏ နေအိမ်များကို စီးနင်းရှာဖွေရာ အမျိုးသမီး လိင်ဖျော်ဖြေရေး ကိရိယာမျိုးစုံ၊ ကားလိုင် စင် ပြားအတုများ၊ ပြည်ပဘဏ်စာအုပ်များနှင့် အောက်လမ်းယတြာများ တွေ့ရှိရကြောင်း တောင်ပိုင်းတိုင်းစစ်ဒေသမှ တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့ ကော့ကရိတ်မြို့နယ်အတွင်းမှ ထွက်ပြေးသွားသော စစ်တပ်အရာရှိများ၏နေအိမ်များကို PDF နှင့် မဟာမိတ်တပ်များက နယ်မြေရှင်းလင်းရာ တရားမဝင်သော ကားလိုင်စင်နံပါတ်ပြားအများအပြား၊ ကားအရောင်းအဝယ်စာချုပ်စာတမ်းများတွေ့ရှိရကြောင်း၊ ယင်းအပြင်ပြည်ပဘဏ်ကတ်မျိုးစုံ၊ငွေတိုးချေးထားသော စာရွက်စာတမ်းစာရင်းများနှင့် အောက်လမ်းဆန်ဆန် ယတြာစာရွက်များကိုလည်းသိမ်းဆည်းတွေ့ရှိရကြောင်း သိရှိရသည်။

ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီတပ်မှ အရာရှိစစ်ဗိုလ်များသည် ခေတ်အဆက်ဆက် တရားမဝင်သောလုပ်ငန်းပေါင်းစုံဖြင့် စီးပွားရှာကာ ကြီးပွားချမ်းသာလျက်ကြောင်း ၊အဆိုပါ အရာရှိများ၏နေအိမ်များအတွင်း၌ အမျိုးသမီးသုံးလိင်ဖျော်ဖြေရေး ကျားတုမျိုးစုံကိုလည်းတွေ့ရှိခဲ့ရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article