25 C
Yangon

ဆန်ဖရန်စစ္စကိုမြို့တွင် တော်လှန်ရေး ၃ နှစ်ပြည့် ချီတက်ဆန္ဒပြပွဲနှင့် ညပိုင်းတွင် မီးထွန်းဆုတောင်းပွဲပြုလုပ်

Must read

ဆန်ဖရန်စစ္စကိုမြို့တွင် တော်လှန်ရေး ၃ နှစ်ပြည့် ချီတက်ဆန္ဒပြပွဲနှင့် ညပိုင်းတွင် မီးထွန်းဆုတောင်းပွဲပြုလုပ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့တွင် မြန်မာ့နွေဦးတော်လှန်ရေး ၃ နှစ်ပြည့် လူထုဆန္ဒထုတ်ဖော်ချီတက်ပွဲ ပြုလုပ်ခဲ့ကြပြီး မီးထွန်းဆုတောင်းပွဲ အခမ်းအနားကို မြောက်ပိုင်းကယ်လီဖိုးနီးယားပြည်နယ်ရှိ ဆန်ခရမ်မဲန်တို၊ စင်ထရယ်ဗယ်လီ၊ ချီကိုနှင့် ဆန်ဖရန်စစ္စကိုဗေးဧရိယာတွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ လှုပ်ရှားမှုကို အမေရိကန်အခြေစိုက် ဗကသများအဖွဲ့ချုပ်မှ ကျောင်းသားလူငယ်များ၊ တိုင်းရင်းသားအင်အားစုများ၊ နွေဦးတော်လှန်ရေးအင်အားစုများ၊ တက်ကြွလှုပ်ရှားသူများနှင့်အတူ ထောက်ပို့ပြည်သူများအပါအဝင် ၁၅၀ ကျော်တက်ရောက်ခဲ့ကြကြောင်း၊ အင်အားစုအသီးသီးမှ မြို့တော်ခန်းမရှေ့တွင် အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့်ကြွေးကြော်သံများ ဟစ်အော်ကာ ချီတက်ဆန္ဒပြပွဲခဲ့ကြေကြာင်း၊ ထို့အတူ ကျဆုံးသွားသော အာဇာနည်သူရဲကောင်းအပေါင်းကိုရည်စူး၍ ဆီမီးပူဇော်ဆုတောင်းပွဲကိုလည်း ဆက်လက်ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article