25 C
Yangon

ရေစကြိုမြို့နယ်၊ ဇီးတောရွာနှင့် ကျောက်လှည်းဘီးရွာ အတွင်းရှိ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူနေသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၂ ဦး သေဆုံး

Must read

ရေစကြိုမြို့နယ်၊ ဇီးတောရွာနှင့် ကျောက်လှည်းဘီးရွာ အတွင်းရှိ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူနေသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၂ ဦး သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၄

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဇီးတောရွာနှင့် ကျောက်လှည်းဘီးရွာ အတွင်းရှိ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ၂ ဦး သေဆုံးခဲ့ကြောင်း ရေစကြို ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၃ ရက် နံနက်ပိုင်းက ရေစကြိုမြို့ခလရ ၂၅၈ တပ်ရင်းအတွင်းမှ အင်အား ၁၀၀ နီးပါးဖြင့် စစ်ကြောင်းထွက်လာပြီး ကျောက်လှည်းဘီးကျေးရွာအတွင်းရှိ ပြည်သူ့နေအိမ်များ အတွင်း မွှေနှောက် ခိုးယူဖျက်ဆီးနေစဉ် ဒရုန်းများဖြင့် အီနာဂါ ဗုံးသီး အလုံး ၂၀ ခန့်ကျဲချတိုက်ခိုက်ခဲ့ ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး ၆ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ကျောက်လှည်းဘီးရွာက အိမ်ကလည်း သိပ်မများဘူး၊ ရွာက ကျဉ်းကျဉ်းလေး၊ ထမင်းချက်စားဖို့ လူစုနေတဲ့အနီးကို ဗုံးကျကွဲတာ၊ ၂ ဦးသေတယ်၊ ၆ ဦးအပြင်းအထန် ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါ တယ်၊ မနေ့က ညနေပိုင်းကလည်း ခလရ ၂၅၈ တပ်ရင်းထဲကို ပြန်ဝင်သွားပြီ၊ တပ်ရင်းနဲ့လည်း သိပ် မဝေးတော့ အဲဒီအနီးတဝိုက်မှာ စစ်ကြောင်းက ရှုတ်နေသေးတယ်” ဟု ရေစကြို ပကဖမှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အလားတူ ဖေဖော်ဝါရီလ ၂ ရက် နေ့လည်ပိုင်းက ရေစကြိုမြို့နယ်၊ ဇီးတောပျူစောထီးကျေးရွာကို ဒရုန်းလေယာဉ်ငယ်များဖြင့် အီနာဂါဗုံးသီး ၅ လုံးကျဲချတိုက်ခိုက်ခဲ့ရာ အဆောက်အအုံများ ထိခိုက် ပျက်စီးမှုရှိ စစ်ကောာင်စီတပ်သား၊ ပျူစေထီး ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရ သည်။

အဆိုပါ တိုက်ခိုက်မှုများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရေစကြိုမြို့နယ် (ပကဖ) နှင့် ပခုက္ကူ ခရိုင် တပ်ရင်း ၉ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article