25 C
Yangon

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေတွင် ဇန်နဝါရီလအတွင်း တိုက်ပွဲ ၈၉ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ စစ်သား ၄၁ ဦးသေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

ကရင်ပြည်နယ်၊ KNU/KNLA တပ်မဟာ ၅ နယ်မြေတွင် ဇန်နဝါရီလ အတွင်း တိုက်ပွဲပေါင်း ၈၉ ကြိမ် ဖြစ်ပြီး စစ်ကောင်စီတပ်သား ၄၁ ဦးသေဆုံးခဲ့ကြောင်း KNU တပ်မဟာ ၅ က သတင်း ထုတ်ပြန်သည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ KNLA-အမှတ် ၅ တပ်မဟာစစ်သည်များနှင့် အကြမ်းဖက်စစ်ကောင်စီ (စကစ)အကြား ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲပေါင်း ၈၉ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ် ကောင်စီတပ်သား ၄၁ ဦးသေဆုံးကာ ၄၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ထိခိုက်ဒဏ်ရာရရှိစစ်ကောင်စီတပ်သားများအနက် တပ်ရင်းမှူးတစ်ဦးပါဝင်သည်ကို အတည် ပြုသိရှိရကြောင်း ၊ ယင်းတိုက်ပွဲများအတွင်း အကြမ်း ဖက် စစ်ကောင်စီတပ်က ၎င်းတို့၏ လုပ်ရိုးလုပ်စဉ်အတိုင်း သာမန် ပြည် သူများနေထိုင်ရာကျေးရွာနှင့် ဥယျာဉ်ခြံမြေအတွင်းသို့ လက်နက်ကြီး ၅ လုံး တမင်ရည်ရွယ် ချက်ရှိရှိ ပစ်ခတ်ခဲ့ပြီး ပြည်သူတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article