ရန်ကုန်၊ ဖေဖော်ဝါရီ ၆
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မြောက်ကျွန်းရွာ၌ အထိုင်ချထားသော စစ်တပ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်သားများ ထိခိုက်မှုရှိကြောင်း ငါးဇွန်မြို့နယ်ပကဖမှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၅ ရက် ည ၈ နာရီ မိနစ် ၃၀ အချိန်ခန့်က မြင်းခြံမြို့နယ်၊ မြောက်ကျွန်းရွာ၌ အထိုင်ချထားသော စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်နိုင်ရန် သွားရောက်တိုက်ခိုက်ခဲ့ရာ အပြန်အ လှန် ပစ်ခတ်တိုက်ပွဲ ၂ နာရီခွဲခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီး များ၊ Drone အတွဲလိုက်ဗုံးများဖြင့် ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင် များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။
“အထိုင်စခန်းကို သိမ်းဖို့ပဲ၊ စခန်းမှာရှိတဲ့အင်အားက ၃၀ လောက်ပဲရှိမယ်ထင်ထားခဲ့တာ၊ တကယ့် လက်တွေ့မှာကျတော့ အင်အားက ၈၀ နဲ့ ၁၀၀ ကြားလောက်ဖြစ်နေတာ၊ သွားတုန်းကတော့ သာလွန်အင်အားနဲ့သွားခဲ့တာပဲ၊ အဓိကတွေ့တဲ့အချိန်မှာ ဟိုဘက်ကလည်းမများဘူး၊ ကျနော်တို့ ဘက်ကလည်းမများတဲ့အနေအထားမှာ စခန်းက သိမ်းဖို့အခက်တွေ့နေတာပေါ့၊ အဓိကတော့ သူတို့ ဘက်က လက်နက်ကြီးနဲ့ ပြန်လည်ခုခံတယ်၊ ဒရုန်းနဲ့လည်း အတွဲလိုက် ဗုံးလေးတွေချတယ်၊ အဲဒီ လိုဖြစ်တဲ့အခါကျတော့ ကျနော်တို့ ရည်မှန်းချက်ဖြစ်တဲ့ စခန်းမသိမ်းနိုင်ခဲ့ဘူးပေါ့၊ ကျနော်တို့မှာက လက်နက်ခဲယမ်းလိုအပ်ချက်တွေဖြစ်နေသေးတာပေါ့၊ အခုလုပ်နေတဲ့ ကမ်ပိန်းကလည်း ၁၃ ရာခိုင် နှုန်းပဲ ရသေးတယ်၊ အဲဒီအတွက်လည်း ပူးပေါင်းပါဝင်ပေးကြဖို့ မိဘပြည်သူတွေကို တိုက်တွန်းချင် ပါတယ်” ဟု ငါးဇွန်မြို့နယ်ပကဖမှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ၊ မန္တလေး တပ်ရင်း ၅ ၊ မြင်း ခြံခရိုင် ပကဖ နှင့် ဒေသကာကွယ်ရေးအဖွဲ့ပေါင်းများစွာပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်နိုင်ရန် အောင် ပန်း ဝေဝေ ငါန်းဇွန်မြေ သိန်း ၂၅၀၀ ကမ်းပိန်းကို ဆက်လက် ပူးပေါင်းပါဝင်ပေးကြပါရန် မေတ္တာရပ်ခံ ထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar